Thursday, August 16, 2012
ဒါးကမြို့၊ သာပေါင်းမြို့ ရှိမြို့ပေါ်ရပ်ကွက်များနှင့် မြို့နယ်များရှိ ကျေးရွာများတွင်ရေလွှမ်းမိုးမှုကြောင့် ရေဘေးသင့်ပြည်သူများ အတိဒုက္ခရောက်နေကြောင်းသိရသည်
ဒါးကမြို့၊ သာပေါင်းမြို့ ရှိမြို့ပေါ်ရပ်ကွက်များနှင့်မြို့နယ်များရှိ ကျေးရွာများတွင်ရေလွှမ်းမိုး မှုကြောင့် ရေဘေးသင့်ပြည်သူများ အတိဒုက္ခရောက်နေကြောင်းသိရသည်။
ဒါးကမြို့နယ်တွင်းရှိ ရေစကြီးတဲ့နေရာကတော့ ရိုးကြီး-ကြိမ်ချောင်း တံတားနားမှစတင်ခဲ့ပြီး
ဒါးကတစ်မြို့ လုံးရေလွှမ်းမိုးလျက်ရှိသည်။ ရန်ကုန်- ပုသိမ်ကားလမ်းဘေးမှာ
တဲထိုးနေရတဲ့ ကြိမ်ချောင်းရွာ အိမ်ထောင်စု နှစ်ဆယ့် ငါးစု ကို ကြက်ခြေနီက အမိုး
အကူအညီပေးနေတယ် နာဖျားနေသူတွေကို ကျန်းမာရေးဌာနက ဆေးကုပေးလျက်ရှိပါတယ်။ NLD မှလည်း
ရိက္ခာများ အကူအညီပေးနေတယ်လို့ သိရတယ်။ ဒါးက မြှိုဝင်လမ်းမှာတင် ရေက
ဆယ့်နှစ်ပေလောက် ရှိနေတယ်လို့သိရပါတယ်။
သာပေါင်းဘက်က သတင်းကတော့ တော်တော်ကြီးကို
အခြေအနေ ဆိုးနေပါတယ်။ အကူအညီ ပေးဖို့လည်း တော်တော် အခက်အခဲ ဖြစ်နေတယ်လို့
သိရပါတယ်။ သာပေါင်းမြို့နယ်ထဲက ဆိုးဆိုးဝါးဝါး ရေဘေးဒဏ်ခံနေရတဲ့ နေရာတွေကတော့
စစ်ပင်ကြီးကျေးရွာ ၊ ဘုရားနီကျေးရွာ၊ ထန်းကုန်း၊ ကျွဲတန်း၊ ညောင်ကုန်း၊မဏ္ဍိုင်
အစရှိတဲ့ ရွာတွေဖြစ်ပါတယ်။ ရေဘေးဒဏ်ခံနေရတဲ့ နေရာတွေမှာ စားစရာ နဲ့အခြားဆေးဝါးအကူအညီများလိုအပ်လျက်ရှိကြောင်းသိရပါတယ်။
ကိုးကား၊ ထက်အောင်(၀၉-၇၃၁၀၅၀၇၁)
Facebook
ဧရာဝတီတိုင်း ပုသိမ်မြို့ ရေကြီးမှုမြင်ကွင်း(၁၆.၈.၂၀၁၂)
Debit Card များကို စတင်သုံးစွဲနိုင်တော့မည်
၁-၉-၂၀၁၂ ရက်နေ့မှ စတင်ပြီး ဘဏ် ၁၇ ဘဏ်မှ
ပူးပေါင်းတည်ထောင်ထားသည့် MPU (Myanmar Payment Union)၏ Debit Card များကို
စတင်သုံးစွဲနိုင်တော့မည်ဖြစ်ကြောင်း သိရှိရပါတယ်။
၎င်း MPU ကတ်များကို အသုံးပြုပြီး MPU အဖွဲ့ဝင်ဘဏ်များ၏ ATM များတွင် ငွေထုတ်နိုင်ခြင်း၊ MPU ကတ်လက်ခံသော ဆိုင်များတွင် ဈေးဝယ်နိုင်ခြင်းတို့ကို ပြုလုပ်နိုင်မည်ဖြစ်ပါတယ်။
မူလဘဏ်များမှ ထုတ်ပေးထားသော ATM ကတ်များနှင့် ယခု MPU ကတ်များကို ဘဏ်များမှ ၄င်းတို့အစီအစဉ်ဖြင့် လဲလှယ်ပေးမည်ဖြစ်ကြောင်းကို AGDဘဏ် ဖေ့ဘုတ်မှာရေးသားဖော်ပြထားပါတယ်။

UNHCR ရုံးရှေ့တွင် ဆန္ဒပြသူများ တရားစွဲခံရမှု တရားလို သက်သေများကို စတင် စစ်ဆေး
ရန်ကုန်၊ သြဂုတ် ၁၆
ရိုဟင်ဂျာ အရေးနှင့် ပတ်သက်၍ ကုလသမဂ္ဂ ဒုက္ခသည် များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ရှေ့တွင် ဆန္ဒ ဖော်ထုတ် ခဲ့သူများ အနက် ၄ဦးကို စမ်းချောင်းမြို့နယ် ရဲတပ်ဖွဲ့စခန်းက ပုဒ်မ ၁၈ ဖြင့် တရားစွဲထားပြီး သြဂုတ်လ ၁၆ရက်နေ့တွင် တရားလို သက်သေကို စတင် စစ်ဆေးခဲ့ကြောင်း တရားစွဲဆို ခံထားရသူ တစ်ဦးဖြစ်သော ဦးဝင်းခန့်က ပြောကြားသည်။
ဆန္ဒ ဖော်ထုတ်သူ လေးဦး ဖြစ်သော ဦးအောင်နိုင်ထွန်း၊ ဦးဝင်းခန့်၊ ဦးအောင်ကျော်ကျော်၊ ဦးမျိုးမင်းစိုး တို့ကို စမ်းချောင်းမြို့ နယ် တရားရုံး၌ သြဂုတ်လ ၁၃ရက်နေ့တွင် စတင် တရားစွဲဆိုခဲ့ပြီး သြဂုတ်လ ၁၆ရက် နေ့တွင် တရားလို သက်သေ တစ်ဦး ကို စစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း၊ ၄င်းတို့သည် ခွင့်ပြုချက် မရရှိပဲ ဆန္ဒ ဖော်ထုတ်ခဲ့သဖြင့် တရားစွဲဆို ခံရခြင်းဖြစ်ကြောင်း၊ အဆိုပါ ရုံးရှေ့တွင် ဆန္ဒ ဖော်ထုတ်ရန် စမ်းချောင်းမြို့နယ် ရဲတပ်ဖွဲ့မှူးကို တရားဝင် လျှောက်ထား ခဲ့သော်လည်း အဆိုပါ ရဲတပ်ဖွဲ့မှူးက ခွင့်ပြုချက် မပေးခဲ့၍ ယင်းသို့ ဆန္ဒ ဖော်ထုတ်ရခြင်းဖြစ်ကြောင်း ဆန္ဒ ဖော်ထုတ်သူများထံမှ သိရှိရသည်။
ငြိမ်းချမ်းစွာ စုဝေးခွင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့် ဥပဒေအရ ငြိမ်းချမ်းစွာ စုဝေး လိုသူများသည် အနည်းဆုံး ငါးရက် ကြိုတင် လျှောက်ထားရမည်ဆိုသော်လည်း လေးရက်သာ ကြိုတင် လျှောက်ထားခဲ့သဖြင့် ခွင့်မပြုခဲ့ခြင်း ဖြစ်ကြောင်း UNHCR ရုံးရှေ့တွင် ဆန္ဒ ဖော်ထုတ်မှု ဖြစ်ပွါးသော နေ့တွင် စမ်းချောင်းမြို့နယ် ရဲတပ်ဖွဲ့မှူးက ရှင်းပြသည်။
UNHCR ရုံးရှေ့တွင် ဆန္ဒ ဖော်ထုတ် လေးဦးကို တရားစွဲဆို ထားသည်မှာ မှန်ကန်သော်လည်း မည်သည့် ပုဒ်မဖြင့် တရား စွဲဆိုထားသည်ကို မသိကြောင်း စမ်းချောင်းမြို့နယ် ရဲတပ်ဖွဲ့ စခန်းကို သြဂုတ်လ ၁၃ ရက်နေ့နှင့် ၁၆ရက်နေ့တို့က The Voice Weekly ၏ ဆက်သွယ် မေးမြန်းချက်ကို ယင်းရဲတပ်ဖွဲ့ စခန်းကို ပြန်လည်ဖြေကြားသည်။
နိုင်ငံတော် သမ္မတကြီး၏ ရိုဟင်ဂျာ အရေးကို ရဲရင့် ပြတ်သားစွာ ပြောကြားချက်ကို ထောက်ခံကြောင်း၊ UNHCR မဟာ မင်းကြီး ပြောကြားသော ရိုဟင်ဂျာများနှင့် အတူ ယှဉ်တွဲ နေထိုင်ရေး ပြောကြားချက်အား ကန့်ကွက် ရှုတ်ချသော အနေနှင့် ပြည်သူ ၂၀ခန့် UNHCR ရုံးရှေ့တွင် သြဂုတ်လ ၃ရက်နေ့က ဆန္ဒဖော်ထုတ် ခဲ့ကြသည်။

The Voice Weekly
တိဘက်ဒေသ ငလျင် ဓာတ်ပုံများနှင့် တိဘက်ဘုန်းတော်ကြီးများ ပုံကို နိုင်ငံတကာ မီဒီယာ အချို့ တလွဲ အသုံးပြုမှု CTA သတိပေး

ရခိုင်ပြည်နယ်တွင် လတ်တလော ဖြစ်ပွားခဲ့သော ပဋိပက္ခများကို နိုင်ငံတကာ သတင်းမီဒီယာများနှင့် အင်တာနက် ဝက်ဘ်ဆိုက်များတွင် သတင်းဓာတ်ပုံများ ဖော်ပြရာ၌တိဘက်ဒေသတွင် လှုပ်ခတ်ခဲ့သည့် မြေငလျင်နှင့် ပတ်သက်သည့် ဓာတ်ပုံများကိုလွဲမှားစွာ အသုံးပြုမှုများ ရှိနေခြင်းကြောင့် မလိုလားအပ်သည့်
အရေးကိစ္စများ ဖြစ်ပေါ်လာမည်ကို စိုးရိမ်မိသည်ဟုတိဘက်ဒေသ အုပ်ချုပ်ရေးအဖွဲ့ ဗဟို(Central Tebetan Administration-CTA) ကသတိပေး ကြေညာချက်ထုတ်ပြန်လိုက်ကြောင်း The Tiebet Post
သတင်းစာကရေးသားဖော်ပြသည်။
နိုင်ငံတကာနှင့် အခြား ပြည်တွင်းမီဒီယာတို့က မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်တွင် ဇွန်လအတွင်း ဖြစ်ပေါ်ခဲ့သော ပဋိပက္ခများအကြောင်းရေးသား တင်ဆက်ကြရာတွင်တိဘက်ပြည်၌ ပြင်းထန်စွာ လှုပ်ခတ်ခဲ့သည့်မြေငလျင် သတင်း ဓာတ်ပုံများကို လွဲမှားစွာ အသုံးပြုထားသည် ကိုတွေ့ရကြောင်း၊ မြေငလျင် လှုပ်ခတ်ခဲ့သော Kyigudho ပြည်နယ်တစ်ဝိုက် အပျက်အစီးများနှင့် သေဆုံးသူ ရုပ်အလောင်းများအကြား ကယ်ဆယ်ရေး လုပ်ငန်း လုပ်ကိုင်ပေးနေကြသည့် တိဘက် ဘုန်းတော်ကြီးများ ၏ ဓာတ်ပုံများကို အသုံးပြုထားခြင်း ဖြစ်ကြောင်းအဆိုပါ အဖွဲ့၏ သတိပေး ကြေညာချက်တွင် ပါရှိသည်။
'ရခိုင်ပြည်နယ်တွင်း လတ်တလော ဖြစ်ပေါ်နေသော ပဋိပက္ခ အပေါ်မီဒီယာအချို့က သတင်းရေးသား တင်ဆက်ရာ၌ တိဘက်ဒေသမှ ဘုန်းတော်ကြီးများ မြေငလျင် လှုပ်ခတ်မှုတွင် ကယ်ဆယ်ရေး လုပ်ငန်း လုပ်ကိုင်နေကြသည့် ဓာတ်ပုံများကို ထည့်သွင်း ဖော်ပြထား သည်ကို တွေ့ရှိရသောကြောင့် ကျွန်ုပ်တို့ တိဘက် အုပ်ချုပ်ရေး အဖွဲ့ဗဟိုအနေဖြင့် များစွာ စိတ်အနှောက်အယှက် ဖြစ်ရသလို အလွန်အမင်းလည်း စိုးရိမ် ပူပန် မိသည်' ဟု အိန္ဒိယနိုင်ငံ၊ Dharamshala မြို့အခြေစိုက် CTA အဖွဲ့၏ ကြေညာချက်က ဆိုသည်။
'ငလျင်ကြောင့် သေဆုံးခဲ့ရသူများ၏ ရုပ်အလောင်းများ အကြားမတ်တပ် ရပ်နေသည့် တိဘက် ဘုန်းတော်ကြီးများ၏ ဓာတ်ပုံများမှာရခိုင်ကိစ္စ ရေးသား ဖော်ပြကြသည့် မွတ်စလင် နိုင်ငံများ၊ အထူးသဖြင့်
ပါကစ္စတန် နိုင်ငံမှ သတင်းဝက်ဘ်ဆိုက် များတွင် ဖော်ပြ ပါရှိလာသည် ကိုတွေ့ရသည်' ဟု ယင်းအဖွဲ့က ဆိုသည်။
ရခိုင်ပြည်နယ်တွင် ဇွန်လအတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် လူပေါင်း ၈၀ကျော် သေဆုံးခဲ့ကာ ဒုက္ခသည် ခြောက်သောင်းကျော် ရှိကြောင်း၊ဈေးများ၊ စာသင်ကျောင်းများ၊ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းများ၊ ဗလီများလည်း ပျက်စီး ဆုံးရှုံး ခဲ့ကြောင်း တရားဝင် ထုတ်ပြန် ချက်များအရ သိရသည်။
မူရင်းလင့်... http://www.thetibetpost.com/en/news/international/2775-tibet-earthquake-photos-misleading-in-myanmar-conflict-reports
Wednesday, August 15, 2012
ပုဂ္ဂလိက ဆေးဘက်ဆိုင်ရာ သင်တန်းများအား တည်ဆဲဥပဒေအရ ဖျက်သိမ်းမည်
ရန်ကုန်၊ သြဂုတ် ၁၃
ပြည်တွင်းတွင် ဖွင့်လှစ်ထားသော ပုဂ္ဂလိကဆေးဘက်ဆိုင်ရာ သင်တန်း များမှာ တည်ဆဲဥပဒေအရ ဖွင့်ခွင့်မရှိ၍ အားလုံးဖျက်သိမ်းသွားရမည်ဟု ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူက ပြောသည်။ '' ဒီသင်တန်းတွေ အသင်း အဖွဲ့တွေကို အရေးယူဖို့ကို ဘယ်ဝန် ကြီးဌာနရဲ့ ခွင့်ပြုမှုနဲ့ ဖွင့်နေတယ်ဆို တာကို စစ်ဆေးပေးဖို့လည်း တိုင်း ဒေသကြီးနဲ့ ပြည်နယ် အစိုးရတို့ကို ပါ ညှိနှိုင်းထားပြီးပါပြီ။ ဥပဒေကြောင်း အရပဲသွားမယ်။ ဒီလုပ်ငန်းတွေက လူ့အသက်နဲ့ ဆိုင်တယ်''ဟု အထက်ပါ ပုဂ္ဂိုလ်က ပြော သည်။

၂ဝဝ၄-၂ဝဝ၅ ခုနှစ် ပိုင်းက စကာ ကျန်းမာရေး
စောင့်ရှောက်မှုနှင့် ပတ် သက်သော ဆေး ဘက်ပညာ၊ ဆေးဝါးကျွမ်းကျင်နှင့် သူနာပြုသင်တန်း
တို့ကို ပုဂ္ဂလိကမှ ဖွင့်လှစ်ခဲ့သည်။ အောင်ချမ်းမြေ့ သင်တန်း ကျောင်း တည်ထောင်သူ
ဒေါက် တာ ကျော်ကျော်နိုင်က ၄င်းတို့အနေ ဖြင့် သင်တန်း များ ဖွင့်လှစ်ခဲ့သည်မှာ
ကိုးနှစ်တာ ကြာပြီဖြစ်ကာ ပညာ ရေးဝန်ကြီးဌာနမှချ ထားပေးခဲ့သော သင်ကြားခွင့်လိုင်
စင်စာရွက်စာ တမ်းများဖြင့် ဖွင့် လှစ်ခြင်း ဖြစ်ကြောင်း ပြောသည်။
''ဒီတစ်လပြတ်၊ နှစ်လပြတ် သင်တန်းတွေကိုလည်းနဂိုကတည်း ကမှ အသိအမှတ်မပြုတာ။ ဥပဒေ မရှိပေမယ့် အရင်တုန်းက လက်ခံ တယ်လေ။ အခု ဒီကလက်မှတ်နဲ့ ဆေးဆိုင်ဖွင့်ထားတာ အများကြီး ပဲ''ဟု ၄င်းကပြော သည်။ ကျန်းမာရေးစီမံကိန်း ဦးစီးဌာန ၏ အငြိမ်းစား ဒုတိယ ညွှန်ကြားရေး မှူးချုပ်အဖြစ်လုပ်ကိုင်ခဲ့သူ ဒေါက်တာဖုန်းမြင့်က ကျန်းမာရေး အထောက် အကူပြုသင်တန်းများ ဆို သည်မှာ လူထု၏ လိုအပ်မှုအရသာ ဖြစ်သင့်၍ စီးပွားရေးသမားများ၏ လိုအပ်ချက်အရ မဖြစ်သင့်ကြောင်း၊ ဥပဒေ အရအောင်လက်မှတ်များကို အသိအမှတ်မပြုဟု ဆိုပါကမလုပ် သင့်ကြောင်း ပြောသည်။
ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူက ''ဖျက်သိမ်းရမယ့် ဆေးဘက်ပညာ ဆိုင်ရာကျွမ်းကျင် သင်တန်းတွေအနေနဲ့ ပြန်ပြီးတော့ မှတ်ပုံတင်ရ ပါလိမ့် မယ်။ ခွင့်ပြုရင် ဖွင့်လို့ရပါလိမ့်မယ်''ဟု ပြောသည်။ အောင်ချမ်းမြေ့ သင် တန်း ကျောင်းတည်ထောင်သူ ဒေါက်တာ ကျော်ကျော်နိုင်ကမူ ဒီမိုကရေစီ စနစ် အရ ဥပဒေမရှိပါက ဥပဒေရေးဆွဲ သင့်ပြီးကိုက် ညီအောင်ဆောင်ရွက် သင့်ကြောင်း သင်တန်းကျောင်းများ မှာခရိုနီထဲတွင် မပါဝင်ဘဲ လူအများ ကို အထောက်အကူဖြစ်စေသည့် သင်တန်းသာဖြစ်ကြောင်းပြောသည်။
ပုဂ္ဂလိက ဆေးဘက်ဆိုင်ရာ သင်တန်းများမှ နှစ်စဉ်သင်တန်းသား ဦးရေ လေးထောင်နှင့် ငါးထောင် ကြားမွေးထုတ်နေကြပြီး ပြည်တွင်း တွင် သောင်းချီအလုပ် လုပ်ကိုင်နေ ကြောင်းနှင့် စင်ကာပူနှင့် မလေး ရှား နိုင်ငံတို့ရှိ ဘိုးဘွားရိပ်သာတို့တွင် ၄င်းလက်မှတ်များကိုင်ကာ အလုပ် လုပ်ကိုင်နေကြကြောင်း စုံစမ်းသိရှိရသည်။
''မသမာမှုတွေ without တွေ မှအများကြီးပါပဲ။ အဲဒါတွေကို တော့ ဒီအတိုင်းထိုင်ကြည့်နေပါတယ်။ စာသင်တာအပြစ် မဟုတ်ပါဘူး'' ဟု ဒေါက်တာ ကျော်ကျော်နိုင်က ထပ်လောင်းဆိုသည်။ ပုဂ္ဂလိက ဆေးရုံ တစ်ရုံမှ ဒေါက်တာအောင်ဇေမိုးက ထိုသင်တန်းဆင်းများအား အလုပ်ခန့် ထားပေးရန် အလုပ်ခေါ်ယူရာတွင် ၈ဝ ရာခိုင် နှုန်းခန့်သည် အခြေခံပြု စုစောင့်ရှောက်မှုနည်းများအား မေးရာများစွာ မသိကြဘဲဖြစ်နေကြောင်း၊ လူလို အပ်နေ၍သာ ခန့်နေခြင်းဖြစ်သော် လည်း သေသေချာချာဖြေနိုင်သူကို သာခန့်ပါကြောင်းပြောသည်။ ဒါတောင် သုံးလအစမ်းခန့်ပြီး ထပ်သင်ပေး တယ်။ ပြီးရင်စာမေးပွဲ စစ်တယ်။ မဖြေနိုင်ရင်တော့ ထုတ်ပစ်တယ်။ နှမြော စရာမရှိပါဘူး။ လူနာ အတွက်ဘယ်ကောင်းမလဲ။ သုံးလ လောက်နဲ့တော့ ဒီပညာတွေကို မတတ်နိုင်ဘူး။ အဲဒီသင်တန်းတွေ ကိုဖွင့်ခွင့်ပေးမယ်ဆိုရင် သူတို့တွေ အတွက် အသေအချာ သင်ရိုးရေး ဆွဲပြီးချပေးရမယ်''ဟု ၄င်းက ထပ်လောင်း ပြောသည်။
PN-051၊မြတ်စုငြိမ်း

ဒုသမ္မတအဖြစ် ဗိုလ်ချုပ်ကြီးဥာဏ်ထွန်း ကျမ်းသစ္စာကျိန်ဆို
DSA အပတ်စဉ် ၁၆ မှ အသက် ၅၉ နှစ် အရွယ်ရှိ တပ်မတော်ရေ ကာကွယ်ရေး ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးဥာဏ်ထွန်း ဒုသမ္မတအဖြစ် ယနေ့ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်တွင် ကျမ်းသစ္စာကျိန်ဆိုစဉ်။ ဓါတ်ပုံ - 7Day News Journal
Monday, August 13, 2012
ရန်ကုန်နှင့် မန္တလေးမြို့များတွင် City Plan များရေးဆွဲအကောင်အထည်ဖော်သွားရန်နိုင်ငံတော်သမ္မတပြောကြား
နေပြည်တော် ဩဂုတ် ၁၃
စီမံကိန်းကော်မရှင် ဥက္ကဌ နိုင်ငံတော်သမ္မတ
ဦးသိန်းစိန်သည် ယနေ့ နံနက် (၉) နာရီတွင် နိုင်ငံတော်သမ္မတရုံး အစည်းအဝေးခန်းမကျင်းပသည့်
စီမံကိန်းကော်မရှင်ဒုတိယအကြိမ် အစည်းအဝေးသို့တက်ရောက်ပြီး အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၊
ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချူပ်၊ ပြည်ထောင်စုစာရင်းစစ်ချူပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဌ၊
တိုင်းဒေသကြီး / ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချူပ်များ၊ ကိုယ်ပိုင်အုပ်ချူပ်ခွင့်ရ တိုင်း/ဒေသ
ဥက္ကဌများ တက်ရောက်ကြသည်။
ရှေးဦးစွာ စီမံကိန်းကော်မရှင်ဥက္ကဌ နိုင်ငံတော်သမ္မတ
ဦးသိန်းစိန်ကအဖွင့်အမှာစကားပြော ကြားသည်။ ပြောကြားချက်အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်-
ကျွန်တော်တို့ ဒီကနေ့ အစည်းအဝေးကတော့
ပြီးခဲ့တဲ့ အစည်းအဝေးမှာ ကျွန်တော်တို့ ချမှတ်ခဲ့ကြတဲ့ Reform Stretegy နဲ့ပတ်သက်ပြီး
မြို့ပြနဲ့ ကျေးရွာများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ထိထိရောက်ရောက် အကောင်အထည်ဖော်
ဆောင်ရွက်နိုင်ကြရန် အခြေခံ လိုအပ်ချက်ဖြစ်တဲ့ City Plan ၊ Town Plan နဲ့ Village
Plan တို့ ရေးဆွဲရေးနဲ့ပတ်သက်ပြီး ရန်ကုန်မြို့နဲ့ မန္တလေးမြို့တို့ရဲ့ City Plan များကို
လေ့လာ ဆွေးနွေး အကောင်အထည်ဖော် ဆောင်ရွက်ကြဖို့ ဖြစ်ပါတယ်။
မြို့ပြနဲ့ကျေးလက်စီမံကိန်းများ ရေးဆွဲရာမှာ--------
သတင်းအပြည့်အစုံဖတ်ရန်
ဒေါ်အောင်ဆန်းစုကြည် နဲ့ သူရဦးရွှေမန်း တွေ့ဆုံဆွေးနွေး
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် နဲ့ ပြည်သူ့လွှတ်တော်
ဥက္ကဌ သူရဦးရွှေမန်း တို့ ဒီကနေ့ နေ့လည်ပိုင်း လွှတ်တော်အစည်းအဝေးခေတ္တရပ်နားချိန်မှာ
သီးသန့် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရပါတယ်။ တွေ့ဆုံပွဲဟာ ၂ နာရီ
နီးပါးခန့်ကြာမြင့်ခဲ့ပြီး ဆွေးနွေးချက်တွေကို သတင်းထုတ်ပြန်ဖို့ မရှိကြောင်း
ပြန်ကြားရေးတာဝန်ခံ NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအုန်းကြိုင်က ပြောပါတယ် ။
လွှတ်တော်ဥက္ကဌ နဲ့ တွေ့ဆုံပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ဟာ လွှတ်တော်ရေးရာကော်မတီဥက္ကဌတွေ နဲ့လည်း တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။
ဒီကနေ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်းကို အတည်ပြုကြောင်းလဲ သိရပါတယ်။
RFA

ဒေါ်အာင်ဆန်းစုကြည် နေပြည်တော် ဒက္ခိဏသီရိ မြို့နယ်၊ ကျေးရွာ ဒေသခံတွေ ရဲ့ လိုအပ် ချက်တွေ ကို တွေ့ဆုံဆွေးနွေး
ဒေါ်အာင်ဆန်းစုကြည် အနေနဲ့ နေပြည်တော်
ဒက္ခိဏသီရိ မြို့နယ်၊ ကျေးရွာ ဒေသခံတွေ ရဲ့ လိုအပ် ချက်တွေ ကို တွေ့ဆုံဆွေးနွေးခဲ့ပါတယ်
။
ဒေသခံတွေဘက်က လယ်ယာမြေ အသိမ်းခံ၇မှု ကျောင်းစ၇ိတ်မတတ်နိုင်မှု လျှပ်စစ်မီးမ၇၇ှိမှုတွေကို တင်ပြသွားတယ်လို့ သိ၇ပြီး ဒေါ်အာင်ဆန်းစုကြည်က လယ်ယာမြေ အသိမ်းခံ၇မှုအတွက် NLD ဥပဒေထောက်ကူပြု ပညာရှင်အဖွဲ့တွေမှတဆင့် ဆောင်၇ွက်ပေးမှာဖြစ်

ပြီး အခမဲ့ပညာဒါနကျောင်း စီစဉ်ပေးပြီး
ကျေး၇ွာတွေမှာ သွားေ၇ာက် ပညာသင်ကြားပေးလိုသူများအတွက်လည်း ဆ၇ာအတတ်သင်
သင်တန်းများပို့ချပေးသွားမည်ဖြစ်ကြောင်း ပြောသွားခဲ့ပါတယ်။
မိမိတို့မှာ အစိုး၇အဖွဲ့အစည်း မဟုတ်ပဲ လုပ်နိုင်တဲ့ အခြေအနေမှာလည်း အကန့်အသတ်သာ၇ှိကြောင်း ဦးစွာ၇ှင်းပြထားလိုပြီး တတ်နိုင်သလောက်တော့ လုပ်ပေးသွားမှာ ဖြစ်တဲ့အကြောင်းလည်း ဖြည့်စွက်ပြောကြားသွားပါတယ်။
မိမိတို့မှာ အစိုး၇အဖွဲ့အစည်း မဟုတ်ပဲ လုပ်နိုင်တဲ့ အခြေအနေမှာလည်း အကန့်အသတ်သာ၇ှိကြောင်း ဦးစွာ၇ှင်းပြထားလိုပြီး တတ်နိုင်သလောက်တော့ လုပ်ပေးသွားမှာ ဖြစ်တဲ့အကြောင်းလည်း ဖြည့်စွက်ပြောကြားသွားပါတယ်။
facebook: Zaw Min Oo
ဆော်ဒီအာရေးဗီးယားဘုရင် Abdullah က အမေရိကန်ဒေါ်လာ သန်း ၅၀ အကူအညီပေးဖို့ မနေ့က အမိန့်ထုတ်ပြန်
မြန်မာနိုင်ငံက ဘင်္ဂလီ ရိုဟင်ဂျာတွေအတွက်
ဆော်ဒီအာရေးဗီးယားဘုရင် Abdullah က အမေရိကန်ဒေါ်လာ သန်း ၅၀ အကူအညီပေးဖို့ မနေ့က
အမိန့်ထုတ်ပြန်လိုက်ပါတယ်။ ဆော်ဒီအာရေးဗီးယား အစိုးရ သတင်းဌာနက ရိုဟင်ဂျာ
မူဆလင်တွေဟာ လူမျိုးတုန်း သတ်ဖြတ်မှုတွေ၊ အဓမ္မပြောင်းရွှေ့ခံရမှုတွေ၊
အဓမ္မပြုကျင့်ခရမှုတွေ အပါအ၀င် လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ ခံနေရတယ်လို့
ပြောဆိုကြောင်း သိရပါတယ်။
တခြားသတင်းတပုဒ်မှာတော့ မြန်မာနိုင်ငံက မူဆလင် ရိုဟင်ဂျာ အရေးကို စိုးရိမ်ကြတဲ့
ဗြိတိန်အပါအ၀င် တခြား နိုင်ငံတွေ အနေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုပဲ
ဖိအားပေးနေတာမျိုးမဟုတ်ပဲ မြန်မာအစိုးရနဲ့ တိုက်ရိုက် ပြောဆိုကြဖို့ ဘင်္ဂလားဒေ့ရှ်
ဝန်ကြီးချုပ် Mrs. Sheikh Hasina က ပြောလိုက်ပါတယ်။
ဒီအတောအတွင်း ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ(RNDP)က
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တောမတ်စ် ကင်တားနား
(Tomas Qintana) ရဲ့မြန်မာပြည်ခရီးစဉ်အပြီး ရခိုင်ပြည်နယ်အရေး ပြောဆိုချက်တွေကို
ကန့်ကွက် လိုက်ပါတယ်။
သြဂုတ်လ(၁၂)ရက်ရက်စွဲနဲ့ ထုတ်ပြန်တဲ့ RNDP ရဲ့ကြောငြာချက်တွေထဲမှာ 'ရိုဟင်ဂျာ'ဆိုတဲ့
စကားလုံးကို တောမတ်(စ်)ကင်တားနားက သုံးနှုန်းပြောဆိုတာဟာ ရခိုင်လူမျိုးတွေရဲ့
သမိုင်းအစဉ်အလာနဲ့ ဖြစ်တည်မှုကို အသိအမှတ် မပြုရာ ရောက်နေ တဲ့အတွက် အဲဒီ
စကားလုံးကို သုံးနှုန်းခြင်းမပြုဖို့ တိုက်တွန်းထားကြောင်း ရခိုင်တိုင်းရင်းသားများ
တိုးတက်ရေးပါတီ (RNDP) အတွင်းရေးမှူး ဦးခိုင်ပြည်စိုးက RFA ကို ပြောပါတယ်။
၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေ (Burma Citizenship Law)ကို
ပြန်လည်သုံးသပ်ပေးရန်ဆိုတဲ့ တောင်းဆိုခြင်းနဲ့ ပတ်သက်လို့လည်း
နိုင်ငံတစ်နိုင်ငံရဲ့ အတည်ပြုပြဌာန်းထားတဲ့ ဥပဒေကို လေးစားလိုက်နာဖို့တိုက်တွန်း ကြောင်း၊
ဒါ့အပြင် မစ္စတာ ကင်တားနားဟာ ပဋိပက္ခဇာစ်မြစ်ကို တစ်ဖက်သတ်အမြင်နဲ့ ဖိအားပေး
ပြောဆိုခြင်း ကြောင့်အဖြစ်မှန်တရား ပေါ်ထွက်နိုင်စရာအကြောင်း မရှိတဲ့အတွက်
ကမ္ဘာ့ကုလသမဂ္ဂ အနေနဲ့ သမာသမတ် ကျတဲ့ အထူးကိုယ်စားလှယ်တစ်ဦး
ပြောင်းလဲတာဝန်ပေးအပ်ဖို့ တောင်းဆိုကြောင်း RNDP ပါတီရဲ့ ကြေငြာချက်မှာ
ဖော်ပြထားပါတယ်။
RFA Burmese
ရွှေပြည်သာမြို့နယ် အမှတ်(၁၈)ရပ်ကွက် ဦးဘိုးလှိုင်လမ်းမှာ နေထိုင်သူများ နေစရာ အစားပြန်ပေးဖို့ဆန္ဒပြတောင်းဆို
ရွှေပြည်သာမြို့နယ် အမှတ်(၁၈)ရပ်ကွက်
ဦးဘိုးလှိုင်လမ်းမှာ နေထိုင်နေတဲ့ ကျူးကျော်အိမ်(၉၀)ကျော်ကို
အာဏာပိုင်တွေက သြဂုတ်လ(၁၅)ရက်နေ့ နောက်ဆုံးဖယ်ရှားခိုင်းတဲ့အတွက် တခြားနေရာ တခုမှာ နေစရာ အစားပြန်ပေးဖို့ နေထိုင်သူတွေက ဆန္ဒပြတောင်းဆိုကြပါတယ်။
အခုလို ဆန္ဒပြဖို့ မြို့နယ်ရဲစခန်းမှာ သြဂုတ်လ(၈)ရက်နေ့က လျှောက်ထားခဲ့တာဖြစ်ပြီး၊ တရားဝင် ခွင့်ပြုချက် မနေ့က ရရှိခဲ့တယ်လို့ သိရပါတယ်။ ဒီကနေ့ ဆန္ဒပြရာမှာ မနက်(၁၀)နာရီကနေ နေ့လည် (၁၂)အထိ ရွှေပြည်သာမြို့နယ် ဦးဘိုးလှိုင်လမ်းကနေ ရွှေပြည်သာစက်မှုဇုံ စီမံခန့်ခွဲရေးရုံးအထိ ချီတက်ခဲ့ကြတာဖြစ်ပါတယ်။ အာဏာပိုင်တွေက တစုံတရာ တားဆီးနှောက်ယှက်တာ မရှိပေမယ့် မှတ်တမ်းဓာတ်ပုံရိုက်ယူတာ၊ အနီးကပ်စောင့်ကြည့်တာတွေရှိခဲ့ပါတယ်။

ဦးဘိုးလှိုင်လမ်းမှာရှိတဲ့ ကျူးကျော်အိမ်အများစုဟာ အဲဒိနေရာမှာ နေထိုင်လာတာ
၅နှစ်ကနေ ၁၀နှစ်အထိ ရှိနေပြီလို့ သိရပါတယ်။ နေထိုင်ဖို့အတွက် ရပ်ကွက်အာဏာပိုင်
တွေကို ငွေကျပ် (၂) သောင်းခွဲလောက်အထိ ပေးခဲ့ကြရတယ်လို့လည်း ဆိုပါတယ်။
အဲဒီအတောအတွင်း အင်းစိန်မြို့နယ် ခ၀ဲခြံရပ်ကွက် စက်မှု(၁)၀င်းထဲမှာရှိတဲဆိုင်ခန်း (၂၀)ကျော်ကိုလည်း အခုသီတင်းနှစ်ပတ်အတွင်း ဖယ်ရှားပေးဖို့ အာဏာပိုင်တွေက ညွှန်ကြားထားတဲ့အတွက် မပြောင်းရွှေ့လိုတဲ့ ဆိုင်ခန်းရှင်တွေက သမ္မတရုံးကို လက်မှတ်ရေးထိုးတင်ပြထားသလို၊ (၈၈) မျိုးဆက်ကျောင်းသားတွေကိုလည်း အကူအညီတောင်းခံထားတယ်လို့ ပြောပါတယ်။
ဒီသတင်းကို RFA သတင်းထောက်မသူဇာ ပေးပို့တာပါ။

Sunday, August 12, 2012
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောက်ဆန်းစုကြည် ဒုတိယအကြိမ်တွေ့ဆုံ
သြဂုတ်-
၁၂
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဒေါ်အောင်ဆန်းစုကြည်တို့သည် နေပြည်တော်၌ ယနေ့နံနက် ၉ နာရီခန့်က တွေ့ဆုံခဲ့ပြီး တစ်နာရီခန့်ကြာ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ရေး အရာရှိဒေါက်တာတင်မာအောင်က အတည်ပြု ပြောကြားသည်။
မည်သည့်အကြောင်းအရာများ ဆွေးနွေးခဲ့သည်ကိုမူ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေဖြင့် သတင်းထုတ်ပြန်ရန် မရှိဘဲ သမ္မတရုံးကသာ ထုတ်ပြန်ပါလိမ့်မည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုအလုပ်အမှုဆောင် ဦးအုန်းကြိုင်ကပြောကြားသည်။
ယခုတွေ့ဆုံမှုသည် နိုင်ငံတော်သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ နှစ်ဦး၏ ဒုတိယအကြိမ်မြောက် သီးသန့်တွေ့ဆုံမှုဖြစ်သည်။
7Day News Journal

Saturday, August 11, 2012
ပြည်သူ့လွှတ်တော်ဝက်ဆိုက်လွှင့်တင်
ပြည်သူ့လွှတ်တော်ဝက်ဆိုက်အား pyithuhluttaw.gov.mm လိပ်စာဖြင့်စမ်းသပ်လွှင့်တင်ထားကြောင်းသိရသည်။
ဝက်ဆိုက်ကြည့်ရှုလိုပါက
ဝက်ဆိုက်ကြည့်ရှုလိုပါက
မြစ်ရေကြီးမှု အခြေအနေသတင်း
(၂၀၁၂ ခုနှစ်၊ သြဂုတ်လ (၁၁)ရက် (၁၃း၀၀)နာရီအချိန် ထုတ်ပြန်ချက်)
င၀န်မြစ်ရေသည် ယနေ့မြန်မာစံတော်ချိန် (၁၂း၃၀)နာရီအချိန် တိုင်းထွာချက်အရ ငါးသိုင်းချောင်းမြို့တွင် (၁၁၉၈)စင်တီမီတာသို့ ရောက်ရှိနေပြီး၊ စိုးရိမ်ရေမှတ်အထက် (၆၈)စင်တီ မီတာ (၂.၂-ပေခန့်) ကျော်လွန်နေပါသည်။ အဆိုပါမြစ်ရေသည် နောက် (၃)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ် (၁၁၃၀)စင်တီမီတာ အထက်တွင် ဆက်လက်တည်ရှိနိုင်ပါသည်။

စစ်တောင်းမြစ်ရေသည် ယနေ့မြန်မာစံတော်ချိန် (၁၂း၃၀)နာရီအချိန် တိုင်းထွာချက်အရ တောင်ငူမြို့တွင် (၆၂၆)စင်တီမီတာသို့ ရောက်ရှိနေပြီး၊ စိုးရိမ်ရေမှတ်အထက် (၂၆)စင်တီမီတာ (၀.၈ -ပေခန့်) ကျော်လွန်နေပါသည်။ အဆိုပါမြစ်ရေသည် ယနေ့မွန်းတည့်မှ နောက် (၃)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ် (၆၀၀)စင်တီမီတာ အထက်တွင် ဆက်လက် တည်ရှိနိုင်ပါသည်။
Source: မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန
OIC အဖွဲ့ကိုမြန်မာနိုင်ငံမှဖိတ်ခေါ်
ရခိုင်ပြည်နယ်က
လူမျိုးရေးတင်းမာမှုတွေကို အထူးစိုးရိမ်နေဆဲဖြစ်ပေမဲ့ OIC
အစ္စလမ္မစ်နိုင်ငံများအဖွဲ့က စွပ်စွဲသလို လူမျိုးတုန်းသတ်ဖြတ်နေတယ်ဆိုတာ
မဟုတ်မမှန်တဲ့အကြောင်း အမေရိကန်ပြည်ထောင်စုက ပြောကြားလိုက်ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ
ကုလသမဂ္ဂလူ့အခွင့်အရေး ကိုယ်စားလှယ် Tomas Quintana ပြီးခဲ့တဲ့ သီတင်းပတ်က
ရခိုင်ပြည်နယ်ကို သွားရောက်ချိန်
မှာ အမေရိကန်တာဝန်ရှိပုဂ္ဂိုလ်တွေလည်း
လိုက်ပါသွားခဲ့ပါတယ်။ ဘင်္ဂလီရိုဟင်ဂျာတွေကို မြန်မာအစိုးရက တရားမဲ့
လူမျိုတုန်းသတ်ဖြတ် ကျူးလွန်နေတာကို နိုင်ငံတကာကရပ်တန့်သွားအောင် အရေးယူ
ဆောင်ရွက်ပေးတာမရှိလို့ စိတ်ပျက်ရတဲ့အကြောင်း OIC အတွင်းရေးမှူးချုပ် Ihsanoglu က
ပြောကြားပြီး နာရီပိုင်း အကြာမှာ အမေရိကန်ပြည်ထောင်စုက အဲဒီလို ပြောတာလည်း
ဖြစ်ပါတယ်။
ဒီလို ရက်ရက်စက်စက်ကျူးလွန်နေတယ်လို့
စွပ်စွဲခံနေရတဲ့နေရာကို အချက်အလက် ရှာဖွေရေးအဖွဲ့တဖွဲ့ စေလွှတ်ဖို့ ဆွစ်ဇာလန်နိုင်ငံ
ဂျီနီဗာမြို့မှာရှိတဲ့ ကုလသမဂ္ဂ အစ္စလမ္မစ်အဖွဲ့က လူ့အခွင့်အရေးကောင်စီကို
အရေးတကြီးမေတ္တာရပ်ခံသင့်တယ်လို့လည်း OIC အစ္စလမ္မစ်နိုင်ငံများအဖွဲ့
အတွင်းရေးမှူးချုပ်က အကြံပေးပါတယ်။ ဒါ့အပြင် ဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီး အစ္စလမ္မစ်
စုံစမ်းရေးကော်မတီတရပ်ဖွဲ့စည်းဖို့လည်း သူက အဆိုပြုပြီး နောက်တကြိမ်ကျင်းပမယ့် ၀န်ကြီးအဆင့်ညီလာခံမှာ အစီရင်ခံစာတစောင် တင်သွင်းသင့်တယ်လို့ ပြောပါတယ်။
ဒီအတောအတွင်း ၀ါရှင်တန် မြို့တော် မှာ
သြဂုတ်လ ၃၁ ရက်က စတင်ကျင်းပမယ့် လေးရက်ကြာ ညီလာခံမှာ ဘင်္ဂလီရိုဟင်ဂျာတွေ
ထွက်ပြေးရတဲ့ ကိစ္စဆွေးနွေးမယ်လို့ ISNA- မြောက်အမေရိက အစ္စလမ္မစ် အသင်းက
ကြေငြာပါတယ်။
ရခိုင်ပြည်နယ်ကို လာရောက်ကြည့်ရှုဖို့ ကမ္ဘာ့အကြီးဆုံး
မူဆလင်အဖွဲ့ဖြစ်တဲ့ OIC အစ္စလာမ် ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ကို မြန်မာနိုင်ငံက ဖိတ်ခေါ်ထားတယ်လို့နောက်ဆုံးသိရှိရပါတယ်။
ရုပ်ရှင်ပိတ်ကားပေါ်က နိုင်ငံတော်အလံ
"ရုပ်ရှင်ပိတ်ကားပေါ်မှာ
နိုင်ငံတော် အလံကို လွှင့်ထူပြသနေတဲ့ အခါ ထိုင်နေတယ် ဆိုရင် ရှက်ဖို့
အလွန်ကောင်းမှာ ဖြစ်ကြောင်း မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌ
ပြောကြား"
မြန်မာရုပ်ရှင်ကြည့် ပရိသတ်များ ရုပ်ရှင်ရုံများကို လာရောက်ပြီး ရုပ်ရှင် ဇာတ်ကားများ ကြည့်ရှုကြတဲ့ အခါ ရုပ်ရှင်ဇာတ်ကား မပြသေးခင် ရုပ်ရှင် ပိတ်ကားပေါ်မှာ နိုင်ငံတော် အလံ လွှင့်ထူပြသတဲ့အခါ ထိုင်နေတယ် ဆိုရင် ရှက်ဖို့ အလွန်ကောင်းမှာဖြစ်ကြောင်း

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်းကပြောပါတယ်။
”ကိုယ့်ရဲ့နိုင်ငံတော် အလံကို လွှင့်ထူနေတဲ့ အချိန်မှာ ထိုင်နေတယ်ဆိုရင် ရှက်ဖို့ အလွန် ကောင်းပါတယ်။ ကိုယ့်နိုင်ငံတော်အလံကို တစ်မိနစ်လောက် လွှင့်ထူတာကို ထပြီးတော့ အလေးမပြုချင်တဲ့ နိုင်ငံသားတွေနေတဲ့ နိုင်ငံတစ်နိုင်ငံဟာ တိုးတက် ထွန်းကားတဲ့နိုင်ငံ တစ်နိုင်ငံဖြစ်လာဖို့ ဆိုတာ အလှမ်းဝေးနေပါလိမ့်မယ်” လို့ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်းကပြောပါတယ်။ နိုင်ငံတော်အလံကို ရိုသေစွာ အလေးပြုဖို့အတွက် စာတန်းများ၊ နောက်ခံ စကားပြောများနဲ့ အသိပေးပြောကြား တာတွေ ရှိနေတဲ့ အပေါ်ကိုလည်း ”အဲဒါတွေက လူတွေကို ပညာပေးသဘောမျိုးပါပဲ။ ကိုယ့်နိုင်ငံတော် အလံကို လေးစားရ ကောင်းမှန်းသိအောင်၊ အလေးပြု ဖို့ ကောင်းရမှန်း သိအောင် လုပ်ဆောင် ပညာပေးနေ ကြရတာပါပဲ။ ဒီလိုမှ မရဘူး ဆိုရင်တော့ အရေးယူဖို့ အဆင့်တွေ ဘာတွေဖြစ်လာမှာပါ”လို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦး ဇင်ဝိုင်းက ပြောပြပါတယ်။ ဇူလိုင် ၁၂ ရက်နေ့က ကျင်းပ ပြုလုပ်ခဲ့တဲ့ အမျိုးသား လွှတ်တော် အစည်းအဝေး မှာလည်း ရုပ်ရှင်ရုံများ ရုပ်ရှင်ပြသခြင်း မပြုမီ နိုင်ငံတော် အလံကို ပြသရာမှာ ရုပ်ရှင်ကြည့် ပရိသတ်များ အနေနဲ့ နိုင်ငံတော် အလံကို အလေးပြုခြင်း အစဉ်အလာ အားနည်းနေခြင်းနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ပြီး ဖြစ်သလို နိုင် ငံတော် အလံကို အလေးပြု၊ ဂါရဝပြုရန် အတွက် မလိုက်နာပါက ပြစ်မှု ဆိုင်ရာ ဥပေဒပုဒ်မများနဲ့ အညီ အရေးယူ ခံရ နိုင်ကြောင်း သိရှိရပါတယ်။
ထက်လူလူ

ပေါ်ပြူလာဂျာနယ်
မြန်မာနိုင်ငံသတင်းစာဆရာအသင်း နိုင်ငံလုံးဆိုင်ရာ ညီလာခံမှ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ၂၁ ဦးအား ရွေးချယ်
ယနေ့ကျင်းပလျက်ရှိသည့်
မြန်မာနိုင်ငံသတင်းစာဆရာအသင်း နိုင်ငံလုံးဆိုင်ရာ ညီလာခံမှ
ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ၂၁ ဦးအား ရွေးချယ်ခဲ့ပြီး အဆိုပါ ၂၁ ဦး
အနက်မှ ဥက္ကဌ ဒုဥက္ကဌများနှင့် အခြားတာဝန်ရှိပုဂ္ဂိုလ်များကို
ဆက်လက်ရွေးချယ်တင်မြှောက်ခဲ့သည်။
ရွေးကောက်တင်မြှောက်ခံရသူများမှာ
(၁ )ဥက္ကဌ-ဦးစိုးသိန်း(မောင်ဝံသ)
(၂ )ဒုဥက္ကဌ-၁ ဦးကိုကို(ကိုကို စက်မှုတက္ကသိုလ်)
(၃ )ဒုဥက္ကဌ-၂ ဦးသီဟစော
(၄ )ဒုဥက္ကဌ-၃ ဦးဝင်းငြိမ်း
(၅ )အတွင်းရေးမှူး-ဦးဖိုး
(၂ )ဒုဥက္ကဌ-၁ ဦးကိုကို(ကိုကို စက်မှုတက္ကသိုလ်)
(၃ )ဒုဥက္ကဌ-၂ ဦးသီဟစော
(၄ )ဒုဥက္ကဌ-၃ ဦးဝင်းငြိမ်း
(၅ )အတွင်းရေးမှူး-ဦးဖိုး
(၆ )နိုင်လင်း
(၇ )တွဲဖက်အတွင်းရေးမှူး-၁ ဒေါက်တာမျိုးမင်းထိုက်
(၈ )တွဲဖက်အတွင်းရေးမှူး-၂ ဦးကျော်စွာမင်း
(၉)တွဲဖက်အတွင်းရေးမှူး-၃ ဒေါ်မေသင်္ကြန်ဟိန်
(၁၀)ဘဏ္ဍာရေးမှူး-ဒေါ်ဆင့်ဆင့်အောင်
(၁၁)စာရင်းစစ်-ဦးအောင်သူမြိုင်
(၁၂)ပြန်ကြားရေးမှူး-ဦးမြတ်ခိုင်
(၁၃)နိုင်ငံတကာ ဆက်ဆံရေးမှူး- ဦးအောင်လှထွန်း

တို့ဖြစ်ကြသည်။
7 Day News Journal (သြဂုတ် ၁၁)
AGD ၏ညောင်ရွှေဘဏ်ခွဲတွင်ငွေလဲကောင်တာစတင်ဖွင့်လှစ်မည်
ညောင်ရွှေ ရှိအာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်ခွဲ
အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်၏ ညောင်ရွှေဘဏ်ခွဲတွင် နိုင်ငံခြားငွေလဲကောင်တာ (Money Changer) ကို ၁၃-၈-၂၀၁၂ ရက်နေ့မှ စတင်ပြီး ဖွင့်လှစ်မည်ဖြစ်ပြီး၊ မည်သူမဆို အမေရိကန်ဒေါ်လာ တစ်သောင်းနှင့်ညီမျှသော နိုင်ငံခြားငွေကို မည်သည့်စာရွက်စာတမ်းမှ မလိုအပ်ဘဲ လွတ်လပ်စွာ လဲလှယ်နိုင်မည်ဖြစ်ကြောင်းကိုယင်းဘဏ်ရဲ့ ဖေ့ဘုတ်စာမျက်နှာမှာဖော်ပြထား ပါတယ်။ နိုင်ငံခြားငွေလဲနှုန်းထားများမှာ ဗဟိုဘဏ်မှ သတ်မှတ်ပေးသော Reference Rate ပေါ်တွင် သတ်မှတ်စည်းကမ်းအတိုင်း တွက်ချက်ထားသော နှုန်းထားဖြစ်ပြီး၊ ရန်ကုန်မြို့ရှိ အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်၏ ငွေလဲကောင်တာများမှ နှုန်းထားနှင့် အတူတူပင်ဖြစ်ကြောင်းနဲ့ ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်နှင့် ညောင်ရွှေမြို့များတွင် နိုင်ငံခြားငွေလဲကောင်တာ (၇)ခုကို ဖွင့်လှစ်လုပ်ကိုင်လျက်ရှိကြောင်းသိရပါတယ်။
လယ်သိမ်းခံ တောင်သူများ၏ ငြိမ်းချမ်းစွာ စုဝေး လှည့်လည်ခွင့် လျှောက်ထားမှု ဒုတိယအကြိမ် ငြင်းပယ်ခံရ
မုံရွာ၊သြဂုတ် ၁၁
သတ္တုတွင်း ၀န်ကြီးဌာန နှင့် မြန်မာ့ စီးပွားရေး ဦးပိုင် လီမိတက် တို့၏ အကျိုးစီးပွားများ ပါဝင်နေသော လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်း အနီးမှ လယ်သိမ်းခံ တောင်သူများ၏မုံရွာမြို့တွင် ငြိမ်းချမ်းစွာ စုဝေးခွင့် လျှောက်ထားခြင်းအား ဒုတိယအကြိမ်တွင်လည်း ငြင်းပယ်ခြင်း ခံခဲ့ရကြောင်း လယ်ဧက များစွာ သိမ်းဆည်း ခံခဲ့ရသည့် ၀က်မှေးရွာခံ တစ်ဦးက ပြောကြားသည်။

ဒုတိယအကြိမ်နေဖြင့် ငြိမ်းချမ်းစွာ စုဝေးခွင့်အား
မုံရွာမြို့ အမှတ်(၁) ရဲစခန်းနှင့် ဆားလင်းကြီးမြို့နယ် ရဲစခန်းများသို့ သြဂုတ်လ ၇
ရက်နေ့မှ စတင်၍ ၁၀ရက်နေ့ အထိ ၅ ရက် ဆက်တိုက် စာတင်ခဲ့ပြီး ငြင်းပယ်သည့်စာမှာ ယနေ့
သြဂုတ်လ ၁၁ ရက်နေ့တွင် ပြန်လည် ရောက်ရှိလာကြောင်း ငြိမ်းချမ်းစွာ စုဝေး
လှည့်လည်ခွင့် လျှောက်ထားမှုတွင် ဦးဆောင်သူ တစ်ဦးကပြောကြားသည်။မုံရွာမြို့ရဲတပ်ဖွဲ့မှူးက ပြန်ကြားသောစာတွင်
လျှောက်ထားသူများ၏ အခင်းဖြစ်ရာနေရာသည် မုံရွာခရိုင် ဆားလင်းကြီးမြို့နယ်
လက်ပန်းတောင်း ကြေးနီ စီမံကိန်း ဖြစ်ပြီး ၄င်းနေရာတွင်သာ မိမိတို့၏
လိုလားချက်နှင့် ဆန္ဒကို ဖော်ထုတ် တောင်းဆို၍ စီမံကိန်း တာဝန်ရှိသူများနှင့်
ညှိနှိုင်း ဖြေရှင်းသင့်ပါသည်။ မုံရွာမြို့သို့ လာရောက် ဆန္ဒပြလိုခြင်းသည် ဥပဒေပုဒ်မ
(၃)ခ ပါ ရည်ရွယ်ချက် နှင့်အညီ သဘောရိုးသားမှု မရှိသဖြင့်၊ ဆီလျော် သက်ဆိုင်မှု
မရှိခြင်း မုံရွာမြို့နေ ပြည်သူလူထု၏ အကျိုးစီးပွားနှင့် လူထုအတွက် စိတ်
အနှောက်အယှက် ဖြစ်ပေါ်လာနိုင်ခြင်း ပြဿနာနှင့် မသက်ဆိုင် သောမုံရွာမြို့၏ တည်ငြိမ်
အေးချမ်းမှု တရားဥပဒေ စိုးမိုးမှုနှင့် ပြည်သူတို့၏ အကျိုးစီးပွား အလို့ငှာ နည်းဥပဒေ
ပုဒ်မ (၁၆)အရ ငြင်းပယ်သည်ဟု ဖော်ပြထားကြောင်း ၀က်မှေး ရွာခံတစ်ဦးက ပြောပြသည်။
လူ့အခွင့်အရေး ကိုယ်စားလှယ် ကင်တားနားနေရာကို လူစားထိုးပေးဖို့ နိုင်ငံရေးပါတီ ၂၄ခုတောင်းဆို

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စတာ သောမတ်အိုဟေး ကင်တားနားရဲ့ နေရာကို အခြား သူတစ်ဦးနဲ့ အစားထိုးပေးဖို့ နိုင်ငံရေးပါတီ ၂၄ ခု ခေါင်းဆောင်တွေက ကုလသမဂ္ဂဒုတိယ အတွင်း ရေးမှုး ချုပ် မစ္စတာ ဗီဂျေးနမ်ဘီယားရဲ့ နိုင်ငံရေးအကြံပေး Mrs. Marianne Hagen နဲ့ဒီကနေ့ တွေ့ဆုံစဉ်
တိုက်တွန်း ပြောကြားလိုက်ပါတယ်။ို ရခိုင်အရေးနဲ့ ပက်သက်ပြီး မစ္စတာ ကင်တားနားရဲ့ပြောဆိုချက်တွေဟာ မျှတမှုမရှိတဲ့အတွက်အခုလိုတိုက်တွန်း ပြောဆိုခဲ့ကြတာ ဖြစ်တယ်လို့ တွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ ဒီမိုကရက်တစ်ပါတီ(မြန်မာ)ရဲ့ အထွေထွေ အတွင်းရေးမှုး ဒေါ်သန်းသန်းနုက RFA ကိုပြောပါတယ်။ မရမ်းကုန်းမြို့နယ်မှာရှိတဲ့ Myanmar Egress ရုံးမှာ ကျင်းပခဲ့တဲ့ အဲဒီ တွေ့ဆုံပွဲမှာတိုင်းရင်းသားညီလာခံ ခေါ်ယူရေးကိစ္စ၊ပီပြင်တဲ့ ပြည်ထောင်စုစနစ် ပေါ်ပေါက်ရေးကိစ္စနဲ့ ဘိန်းစိုက် ပျိုးမှုလျော့ကျရေး ကိစ္စတွေကိုလည်း ဆွေးနွေးခဲ့တြယ်လို့ သိရပါတယ်။ မစ္စတာ ဗီဂျေးနမ်ဘီယားရဲ့ နိုင်ငံရေးအကြံပေး Mrs. Marianne Hagen ရဲ့နိုင်ငံရေးပါတီ ခေါင်းဆောင်တွေရဲ့ တင်ပြချက်တွေကို ကုလသမဂ္ဂ အထက်အရာရှိတွေထံ ပြန်လည်အစီရင်ခံမယ်လို့ ပြောကြားခဲ့တယ်လို့ သိရပါတယ်။
Friday, August 10, 2012
အမြုတေစာနယ်ဇင်းကောင်စီနှင့်ပတ်သက်သည့် Eleven Media Group ၏ သဘောထား
၁။ စာနယ်ဇင်းအမြုတေကောင်စီတွင် ပါဝင်သောသူများနှင့် ပတ်သက်ပြီး
အောက်ပါအချက်များကို သဘောမတူပါ။
(က) ဦးဆောင်မည့် ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌတို့သည် စာနယ်ဇင်းလုပ်ငန်းများနှင့် ဂျာနယ်လစ်များ၏ အရေးအရာ ကိစ္စများကို နားလည်ကျွမ်းကျင်သူများ မဟုတ်ပါ။ မြန်မာနိုင်ငံ၏ တရားစီရင်ရေး စနစ်သည် လည်းကောင်း၊ တရားသူကြီးများ၏ ကိုယ်ကျင့်တရားနှင့် ဂုဏ်သိက္ခာပိုင်းသည် လည်းကောင်း၊ ယုံကြည်လက်ခံနိုင်မှုနှင့် ပတ်သက်၍ အများပြည်သူကြား မေးခွန်းထုတ်စရာများ ရှိနေသည်မှာ အထင်အရှားဖြစ်ပါသည်။ ၎င်းအခြေအနေမျိုးတွင် အငြိမ်းစားတရားသူကြီး တစ်ဦးအား စတုတ္ထမဏ္ဍိုင်အား ထိန်းကွပ်ပေးမည့် ဦးဆောင်နေရာတွင် ထားခြင်းမှာ လုံးဝမလုပ်ဆောင်သင့်သော အရာဟု Eleven Media Group မှ ရှုမြင်ပါသည်------

ကျောက်တော်၊ မင်းပြား၊ မြောက်ဦး မြို့များကို ဗုဒ္ဓဟူးနေ့မှ စ၍ ညမထွက်ရ ကာဖျူးအမိန့် ထုတ်ပြန်
ရခိုင်ပြည်နယ်၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး မြို့များကို ဗုဒ္ဓဟူးနေ့မှ
စ၍ ညမထွက်ရ ကာဖျူးအမိန့် ထုတ်ပြန်ထားသည်ဟု ကျောက်တော် အုပ်ချုပ်ရေးမှူးရုံး ဝန်ထမ်းတဦးက
မဇ္ဈိမကို ပြောသည်။
အဆိုပါအမိန့်အရ ကျောက်တော်မြို့နယ်တွင် ည ၇ နာရီမှ နံနက် ၅ နာရီထိ၊ မင်းပြားနှင့် မြောက်ဦးမြို့နယ်များတွင် ည ၁ဝ နာရီမှ နံနက် ၄ နာရီအထိ အိမ်ပြင်မထွက်ရန် တားမြစ်ထားသည်ဟုလည်း အဆိုပါဝန်ထမ်းက ပြောသည်။
“ကျောက်တော်မှာရော ကျောက်တော် အပိုင် ရွာတွေမှာပါ ဒီအမိန့်က အကြုံးဝင်တယ်လို့ ကျောက်တော် အုပ်ချုပ်ရေးမှူးရုံးမှာ စာကပ်ထားပါတယ်။ ကျနော်တို့ကတော့ မီးလောင် ဖျက်ဆီးခံရတဲ့ ဂုတ်ပီထောင့် ရွာကို စားနပ်ရိက္ခာ၊ ဆေးနဲ့ ငွေတွေ သွားကူဖို့ စီစဉ်ထားပါတယ်” ဟု ကျောက်တော် ရခိုင်အမျိုးသား ပရဟိတ အဖွဲ့မှ အတွင်းရေးမှူး ကိုမြတ်လှ က မဇ္ဈိမကို ပြောသည်။
ကာဖျူးအမိန့် ထုတ်ပြန်ရခြင်းနှင့်ပတ်သက်၍ သြဂုတ်လ ၄ ရက်နေ့နှင့် ၅ ရက်နေ့များတွင် ကျောက်တော်မြို့နှင့် ငါးမိုင်ခန့်အကွာရှိ ဂုတ်ပီထောင့် ကျေးရွာတွင် အိမ်ခြေ ၁ဝဝ ကျော် မီးရှို့ခံခဲ့ရပြီး လူ ခုနှစ်ဦး သေဆုံးသည့် ဖြစ်ရပ်
နှင့် ကျောက်တော်နှင့် ၇၉ မိုင်ခန့်ဝေးသည့် ရွာ ငါးရွာတွင် လူနေအိမ်များ မီးရှို့ခံခဲ့ရခြင်းတို့ကြောင့် ဖြစ်နိုင်သည်ဟု ယူဆကြောင်း လေးဝတီ ရခိုင်ငြိမ်းချမ်းရေး ကွန်ယက်မှ အဖွဲ့ဝင်အချို့က ယူဆကြသည်။
ရခိုင်ဒေသတွင်း ဖြစ်ပေါ်ခဲ့သော ပဋိပက္ခများ၊ အကြမ်းဖက်မှုများကြောင့် စစ်တွေ၊ ဘူးသီးတောင်၊ မောင်တော၊
ကျောက်ဖြူ၊ ရမ်းဗြဲ၊ သံတွဲ စသည့် မြို့နယ်များကို ဇွန်လ ၈ ရက်နေ့မှစတင်၍ ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့သည်။ ထို့နောက် ဇွန် လ ၁ဝ ရက်နေ့မှစ၍ ရခိုင်ပြည်နယ် တခုလုံးကို သမ္မတ ဦးသိန်းစိန် က အရေးပေါ် အခြေအနေ ကြေညာထားသည်။
အေးကျော့ခိုင် |
ရန်ကုန် (မဇ္ဈိမ)

Subscribe to:
Posts (Atom)