Friday, August 5, 2016
Google ကို မြန်မာ domain .com.mm မှ မူရင်း .com သို့ပြောင်းဝင်မယ်
Domain Name (ဒိုမိန်း) ရွေးချယ်ခြင်း
ကျနော် ဤအကြောင်း ကို ရေးသားရခြင်းမှာ ယခုအခါ မြန်မာ ဝက်ဘ်ဆိုဒ် အတော်တော်များများ ပေါ်လာကြပြီး အချို့သော ဝက်ဘ်ဆိုဒ်များမှာ အလွန် အဆင့်မှီကောင်းမွန်သော ဝက်ဘ်ဆိုဒ်များ အဖြစ် ထွက်ပေါ်လာကြသော်လည်း Domain Name (ဒိုမိန်း) ရွေးချယ်မှု အပိုင်းတွင် အားနည်းသည်ကို တွေ့ရသဖြင့် Domain Name (ဒိုမိန်း) ရွေးချယ်ခြင်း အကြောင်း တင်ပြ လိုခြင်းကြောင့်ဖြစ်သည်။
Thursday, August 4, 2016
မြန်မာအပါအ၀င် ရွှေ့ပြောင်းလုပ်သားများကို ဖမ်းဆီးနေမှု ရပ်တန့်ပေးရန် ထိုင်းလုပ်ငန်းရှင် ၁၀၀ ကျော် ဆန္ဒပြတောင်းဆို
Friday, August 5, 2016
ထိုင်းနိုင်ငံတောင်ပိုင်း
ဖူးခက်မြို့တွင် လုပ်ကိုင်နေသော မြန်မာလုပ်သားများ အပါအ၀င် ရွှေ့ပြောင်းလုပ်သားများအားဖမ်း
ဆီးနေမှုကို ရပ်တန့်ပေးရန်ဖူးခက် မြို့ရှိ ထိုင်းဆောက်လုပ်ရေး လုပ်
ငန်းရှင်ဦးရေ တစ်ရာကျော်ကဆန္ဒပြတောင်းဆိုခဲ့ကြောင်း သတင်းရရှိသည်။
သြဂုတ် ၃ ရက်တွင် ဖူးခက် မြို့ရှိ
ထိုင်းဆောက်လုပ်ရေးလုပ် ငန်းရှင် တစ်ရာကျော်တို့သည်ဖူးခက်မြို့ဆနမ်ချိုင်းရင်ပြင်၌
စုဝေး ဆန္ဒပြတောင်းဆိုခဲ့ပြီးဖူးခက်ခရိုင် မြို့တော်ဝန်ထံသို့ တောင်းဆိုချက် များ
ပေးပို့ခဲ့ကြောင်း သတင်းရရှိသည်။
Wednesday, August 3, 2016
ခေါင်းဆောင်တွေ အလုပ်ပြန်ခန့်ဖို့ Next Star စက်ရုံလုပ်သားတွေ ဆန္ဒပြ
2016-08-03
ဆန္ဒပြနေတဲ့ ရန်ကုန်တိုင်းမြို့ လှိုင်သာယာစက်မှုဇုန် ၁ က Next Star အထည်ချုပ်စက်ရုံ အလုပ်သမားတွေကို သြဂုတ်လ ၃ ရက်နေ့ကတွေ့ရစဉ်
ဆန္ဒပြနေတဲ့ ရန်ကုန်တိုင်းမြို့ လှိုင်သာယာစက်မှုဇုန် ၁ က Next Star အထည်ချုပ်စက်ရုံ အလုပ်သမားတွေကို သြဂုတ်လ ၃ ရက်နေ့ကတွေ့ရစဉ်
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာစက်မှုဇုန် ၁ မှာရှိတဲ့ Next Star အထည်ချုပ်စက်ရုံမှာ တစ်ရက်လုပ်အားခ ကျပ် ၃၆၀၀ တိုးပေးဖို့ တောင်းဆိုမှုကြောင့် အလုပ်ထုတ်ခံရတဲ့ အလုပ်သမားခေါင်းဆောင် ၃ ဦးကို အလုပ်ပြန်ခန့်ပေးဖို့ အလုပ်သမား တစ်ရာနီးပါးက ဆန္ဒပြတောင်းဆိုနေပါတယ်။

Tuesday, August 2, 2016
MoU အလုပ်သမားများကိုယ်တိုင် ပြုလုပ်သော ဒုတိယအကြိမ် သတင်းစာရှင်းပွဲတွင် MAT အဖွဲ့ဒါရိုက်တာအားတရားစွဲ
MAT အဖွဲ့ဒါရိုက်တာ ဦးကျော်သောင်းအား
အေဂျင်စီများအဖွဲ့ချုပ် moeaf နှင့် Lover
world
အေဂျင်စီတို့မှအမူဖွင့်တိုင်ကြား
MoU.အလုပ်သမားများကိုယ်တိုင် ပြုလုပ်သော ဒုတိယအကြိမ် သတင်းစာရှင်းပွဲ
၂၀၁၆ သြဂုတ် ၂ရက်.
ဘန်ကောက်အခြေစိုက်
ထိုင်းနိုင်ငံရောက်မြန်မာ နိုင်ငံသားများ အဖွဲ့( MAT ) အဖွဲ့ ဒါရိုက်တာ
ဦးကျော်သောင်းအား ရန်ကုန်အခြေစိုက်
ပြည်ပအလုပ်ကိုင်ရှာဖွေရေး အေဂျင်စီများအဖွဲ့ချုပ် moeaf အတွင်းရေးမှူး ဦးကျော်ထင်ကျော်နှင့် လပ်ဗီးဝေါလ် အေဂျင်စီ ဒါရိုက်တာ ဒေါ်ချိုချိုစန်းတို့က အသရေဖျက်မူ ၊ ဂုဏ်သိက္ခာညှိုးနွမ်းစေမူတို့ဖြင့် အမူဖွင့်တိုင်ကြားထားကြောင်း ကြားသိရပါသည်။

ထိုင်းနိုင်ငံရှိ အလုပ်သမားများကို ကူညီပေးနေသောMAT ဒါရိုက်တာ ဦးကျော်သောင်းကို Lover world အေဂျင်စီက တရားစွဲဆိုမည်
ထိုင်းနိုင်ငံရှိ အလုပ်သမားများကို ကူညီပေးနေသော ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အဖွဲ့(MAT) ၏ ဒါရိုက်တာ ဦးကျော်သောင်းကို ပြည်ပ အလုပ်အကိုင် ရှာဖွေရေး Lover world အေဂျင်စီ က တရားစွဲဆိုမည် ဟု သိရသည်။
ဦးကျော်သောင်းသည် မေလ ၄ ရက်နေ့ သမ္မတရုံး၊ ပြည်တွင်း၊ ပြည်ပ လုပ်သားကော်မတီ၊ ဝန်ကြီးဌာန အပါ အဝင် စာပါ အချက်အလက်များ မှားယွင်းနေသည့် ကိစ္စနှင့် ကုမ္ပဏီကို အကြိမ်ကြိမ် အကျင့်ပျက် ဟူသည့် အသုံး အနှုန်းကြောင့် တရားစွဲဆိုရခြင်း ဖြစ်သည် ဟု Lover world အေဂျင်စီ မှ မန်နေဂျင်း ဒါရိုက်တာ ဒေါ်ချိုချိုစန်း က ဧရာဝတီသို့ ပြောသည်။
အလုပ်သမားရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာ စီမံခန့်ခွဲမှုသင်တန်း ပထမဆုံးအကြိမ်ဖွင့်
August 3, 2016
စီမံခန့်ခွဲမှုသင်တန်းပို့ချနေစဉ် (ဓာတ်ပုံ - ထက်အာကာကျော်)
အလုပ်သမားများ ရွှေ့ ပြောင်းသွားလာခြင်းဆိုင်ရာ မူဝါဒ
ဖွံ့ဖြိုးတိုးတက်ရေးနှင့် ၀န်ဆောင် မှုများ တိုးမြှင့်ပေးနိုင်ရေးအတွက်
အလုပ်သမား၊ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနနှင့်
အပြည်ပြည်ဆိုင်ရာ အ လုပ်သမားရေးရာအဖွဲ့ (ILO) တို့ ပူးပေါင်း၍
စီမံခန့်ခွဲမှုသင်တန်း ကို စတင်ဖွင့်လှစ်ကြောင်း သတင်းရရှိသည်။
သားလေးဖတ်ဖို့
-စာကိုမကျက်ပါနဲ့သား . စာကိုနားလည်အောင် ဖတ်ပါ
မှတ်ပါ
-လိုချင်တာတွေကို မဝယ်ပဲ ပိုက်ဆံကို ခြစ်ကုပ်စုပီး ကပ်စေးမနဲပါနဲ့သား . ဒါပေမဲ့ အသုံးနဲ့ အဖြုန်းကို ခွဲခြားတတ်ပါစေ
-ပတ်ဝန်းကျင်ရဲ့ ထင်မြင်ချက်တွေ အတင်းအဖျင်းတွေကို ဂရုမစိုက်ပါနဲ့သား . သားအကြောင်းကို သားကိုယ်တိုင်ထက်ပိုပီး ဘယ်သူမှ မသိနိုင်ပါ
-စာများများဖတ်ပါ သား .reader ကောင်းတစ်ယောက်ပာာ leader ကောင်းတစ်ယောက် ဖြစ်လာမှာပါ
ထိုင်းမှာ မြန်မာအလုပ် သမားတွေ ပြန်ပို့ခံနေရ
ထိုင်းနိုင်ငံကိုရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားအလုပ်သမားများကို တွေ့ရစဉ်
ထိုင်းနိုင်ငံမှာ အဖမ်းခံရတဲ့ မြန်မာအလုပ်သမား အရေအတွက် သောင်းဂဏန်းလောက်ရှိမယ်လို့ မြန်မာ အလုပ် သမားအရေး လှုပ်ရှားနေတဲ့အဖွဲ့တွေ က ပြောပါတယ်။
အဖမ်းခံရတဲ့ အလုပ်သမား ၉၀ ရာခိုင်နှုန်းလောက်ဟာ တရားဝင်နေထိုင်ခွင့်၊ တရားဝင်အလုပ်လုပ်ခွင့် လက်မှတ် ရှိနေသူတွေ ဖြစ်တယ်လို့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်း က ပြောပါတယ်။
Photo: Kyaw Zaw Win/ RFA

လုံခြုံရေးတိုးမြှင့်ထား၍ ထိုင်းရောက်မြန်မာများ အထူးသတိပြုရန် မြန်မာသံရုံးထုတ်ပြန်
ဘန်ကောက်မြို့တွင် ထိုင်းရဲတပ်ဖွဲ့ဝင်များ
လုံခြုံရေးယူထားစဉ်(NARONG SANGNAK/EPA)
ထိုင်းနိုင်ငံတွင်
ဖွဲ့စည်း ပုံအခြေခံဥပဒေကြမ်း လူထုဆန္ဒခံ ယူပွဲပြုလုပ်မည့်ရက်ပိုင်းအတွင်း
လုံခြုံရေးတိုးမြှင့်ထားမည်ဖြစ်၍ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံ သားများ
အထူးသတိပြုနေထိုင် သွားလာရန်နှင့် ခရီးသွားရန်ရှိပါ က စာရွက်စာတမ်းအထောက်အ
ထားအပြည့်အစုံယူသွားပြီး ပြဿနာတစ်စုံတစ်ရာဖြစ်ပွားပါက ဖုန်း ဆက်၍
အကူအညီတောင်းခံနိုင် ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးကသြဂုတ်လ ၂ရက်နေ့တွင်
သတင်းထုတ်ပြန်သည်။‘သြဂုတ် ၇ ရက်တွင် ထိုင်း နိုင်ငံ၌ ဖွဲ့စည်းပုံအခြေခံဥပဒေ ကြမ်းလူထုဆန္ဒခံယူပွဲပြုလုပ်မည် ဖြစ်၍ ထိုင်းနိုင်ငံသို့ အကြောင်း အမျိုးမျိုးကြောင့် ရောက်ရှိနေ သော မြန်မာနိုင်ငံသားများနှင့် အလုပ်လုပ်ကိုင်လျက်ရှိသည့် မြန်မာလုပ်သားများအား ထိုင်း ရဲတပ်ဖွဲ့ဝင်များက စစ်ဆေးပါက အသာတကြည်စစ်ဆေးမှုခံယူကြ ရန် တိုက်တွန်းနှိုးဆော်အပ်သည်’ ဟု ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး က သြဂုတ် ၁ ရက်စွဲဖြင့် သတင်း ထုတ်ပြန်သည်။
Monday, August 1, 2016
ယနေ့ထွက် ထိုင်းထီ ဘတ်ငွေ ၆ သန်းဆုအား မြန်မာအလုပ်သမ တစ်ဦး ဆွတ်ခူး
ထိုင်းနိုင်ငံ ဗန်ကောက်မြို့ ဘန်ခွန်ထီယန်နယ်မြေ ထီယန်ထလေလမ်းမှာ နေထိုင်တဲ့ မြန်မာအမျိုးသမီးတစ်ဦး မအိလေး အသက် ၂၆နှစ်ဆိုသူ ဒီနေ့သြဂုတ်လ ၁ရက်နေ့ 272932ထွက် ထိုင်းအောင်ဘာလေသိန်းထီပထမဆု၂စောင်တွဲတစ်စုံပေါက်လို့ ဘတ်ငွေ ၆သန်းရှိခဲ့ပါတယ်၊ ထီပေါက်ကြောင်း သက်ဆိုင်ရာရဲစခန်းသို့သွားရောက် မှတ်တမ်းတင် အကြောင်းကြား ထားပါတယ်။
thithtoolwin (website)
အနည်းဆုံး တစ်ရက်လုပ်ခ ထပ်မံတိုးမြှင့်သွားနိုင်ဖို့ စီစဉ်
![]() |
| ရန်ကုန်တိုင်းဒေသကြီး စက်မှုဇုန်တစ်ခုက အလုပ်သမားတချို့ကို တွေ့ရစဉ်။ Photo: RFA |
ကုန်ဈေးနှုန်းကြီးတာကြောင့် တစ်ရက်လုပ်ခ ကျပ် ၃၆၀၀ ဟာ မလောက်ငှသလို အိမ်နီးချင်းနိုင်ငံတွေနဲ့ ယှဉ်ရင်နည်းနေတာကြောင့် တိုးမြှင့်ပေးဖို့ စီစဉ်နေတာဖြစ်တယ်လို့ ပြည်တွင်းပြည်ပ အလုပ်သမားရေးရာကော်မတီ ဥက္ကဌ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ထွေး က ပြောပါတယ်။
ထိုင်းနိုင်ငံရှိ ပန်းရောင်ကတ် ကိုင်ဆောင်ထားသော မြန်မာရွှေ့ပြောင်း လုပ်သားများ သြဂုတ်လ ၁ရက်နေ့မှ စ၍ ဗီဇာလျှောက်ထားနိုင်
ထိုင်းနိုင်ငံရှိ
မြန်မာရွှေ့ပြောင်းလုပ်သားများသည် လာမည့် သြဂုတ်လ ၁ ရက်နေ့မှ စတင်ကာ ပန်းရောင်ကတ်ကိုင်ဆောင်ထားသော
မြန်မာလုပ်သားများ ဗီဇာ လျှောက်နိုင်ပြီဖြစ်ကြောင်း ထိုင်းနိုင်ငံရှိ မြန်မာ ရွှေ့ပြောင်းအလုပ်သမားများထံမှ
သိရသည်။
ဗီဇာလျှောက်ထားရာတွင် မြန်မာနိုင်ငံမှပြုလုပ်လာသော သာမန်နိုင်ငံကူးလက်မှတ်အသစ်နှင့် ဘန်ကောက်သံရုံးမှပြုလုပ်ပေးသော သာမန်နိုင်ငံကူးလက်မှတ်အသစ် နောင်တွင်ပြုလုပ်ပေးမည်
C of I စာအုပ်များနှင်လျှောက်ထားနိုင်ပြီး ရရှိမည့် ဗီဇာသက်တမ်းမှာ ပန်းရောင်းကတ်သက်တမ်းအတိုင်းဖြစ်ကြောင်း သိရသည်။
Subscribe to:
Posts (Atom)