Thursday, August 16, 2012

ကျပ်ငါးထောင်တန်ဖုန်းကို ၂၀၁၃ ဆီးဂိမ်းအမီ ပြည်သူများအား ချထားပေးနိုင်မည်ဟု မျှော်မှန်းထား ကျပ်ငါးထောင်တန်ဖုန်းကို ၂၀၁၃ ဆီးဂိမ်းအမီ ပြည်သူများအား ချထားပေးနိုင်မည်ဟု မျှော်မှန်းထား

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ကျပ်ငါးထောင် တန်ဖုန်းကို အများပြည်သူများ ကိုင်ဆောင်နိုင် ရေးအတွက် ရွှေ ပြည်တံခွန် ကုမ္ပဏီအား ၉-၇-၂၀၁၂ ရက်က အတိုင်ပင် အဖွဲ့ဝင်အဖြစ် ခေါ်ယူခဲ့ကြောင်း သတင်းရရှိသည်။

“သုံးလအတွင်း ကျပ်ငါးထောင်တန် ဖုန်းထွက်မယ်----
By: သစ်ထူးလွင်
သတင်းအပြည့်အစုံဖတ်ရန်

မြန်မာ လွှတ်တော်အမတ်များ ချင်းမိုင်တွင် အုပ်ချုပ်ရေးဆိုင်ရာ သင်တန်းတက်ရန် ရောက်ရှိ



ထိုင်းနိုင်ငံ ချင်းမိုင်တက္ကသိုလ်မှာ ဒေသန္တရ အုပ်ချုပ်ရေးဆိုင်ရာ ပညာရပ်တွေ လေ့လာသင်ကြားနိုင်ဖို့ မြန်မာနိုင်ငံက ပြည်သူ့လွတ်တော် ကိုယ်စားလှယ်တွေနဲ့ နိုင်ငံရေးပါတီခေါင်းဆောင်တွေ စုစုပေါင်း ၂၀ ခန့် ဒီကနေ့ ညနေပိုင်းမှာ ချင်းမိုင်မြို့ ကို ရောက်ရှိလာပါတယ်။ သြဂုတ်လ ၁၇ ရက်နေ့ ကစပြီး ၂ပတ်ကြာ ပြုလုပ်မယ့် ဒီသင်တန်းမှာ ချင်းမိုင် တ
က္ကသိုလ်က ဆရာတွေက ဒေသန္တရ အုပ်ချူပ်ရေးပိုင်းဆိုင်ရာတွေကို သင်ကြားပို့ချသွားမှာ ဖြစ်ကြောင်း ဒီသင်တန်းကို စီစဉ်ခဲ့တဲ့ ချင်းမိုင်အခြေစိုက် ဗဟု ဖွံ့ဖြိုးမှုအဖွဲ့ရဲ့ ခေါင်းဆောင်တဦးဖြစ်သူ ဦးအောင်သူငြိမ်း က အာအက်ဖ်အေ ကို ပြောပါတယ်။

"အဓိကတော့ ကျနော်တို့ သင်တန်းက ဒေသန္တာရ အုပ်ချူပ်ရေးပေါ့၊ ဆိုတော့ အထူးသဖြင့် ပါတဲ့အမတ်တွေကတော့ ပြည်နယ်တိုင်း အဆင့်ကအမတ်တွေပိုများပါတယ်၊ မှန်းခြေ ၂၀ လောက်ရှိမယ်၊ အကုန်အမတ်တွေကြည့်ပဲ မဟုတ်ဘူးဗျ တခြား နိုင်ငံရေး ပါတီတွေလည်း ပါတယ်ဗျ၊ သူတို့တွေကတော့ အထူးသဖြင့် ချင်းမိုင် တက္ကသိုလ်က ဆရာတွေလည်း ပို့ချမယ်၊ ပြီးတော့ ထိုင်းမှာလုပ်ခဲ့တဲ့ အောက်ခြေ ဒေသန္တာရ အုပ်ချူပ်ရေး အတွေ့အကြုံတွေပါ သူတို့လေ့လာမယ်၊ ကျနော်တို့ကတော့ တချို့ သီအိုရီ သဘောမျိုး ပို့ချတာ ပါမယ်၊ နောက်တခါကျတော့ တချို့ အုပ်ချူပ်ရေးကိစ္စနဲ့ပတ်သက်တဲ့ ဟာမျိုးတချို့ ပို့ချတာ ပါမယ်။"

ဒီသင်တန်းမှာ ဒဂုံဆိပ်ကမ်းမြို့နယ်က ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဦးကြီးမြင့်၊ ၊ မရမ်းကုန်းမြို့နယ် ကိုယ်စားလှယ် ဒေါ်ခင်ဖြူဖြူငြိမ်း၊ မန္တလေးတိုင်း တံတားဦးမြို့နယ် ကိုယ်စားလှယ် ဦးနန်းထိုက် နဲ့ ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ကိုယ်စားလှယ် ဦးမြတ်မိုးမြင့် တို့အပါအ၀င် နိုင်ငံရေးပါတီ ခေါင်းဆောင်တချို့လည်း ပါဝင်ကြတယ်လို့ သိရပါတယ်။

ကချင်ဒုက္ခသည်တွေ အကူအညီထပ်မံရရှိ


သြဂုတ် ၁၆


တရုတ်မြန်မာနယ်စပ် လိုင်ဇာမြို့အနီးရှိ ဂျယ်ယန်နဲ့ ဖုံလုံယန် ဒုက္ခသည်စခန်း ၂ခုကို ပြည်တွင်းလူမှုရေး အဖွဲ့အစည်းတွေဖြစ်တဲ့ အဖြူရောင်တွဲလက်များနဲ့ မန္တလေးရှိကလေးသူငယ်များကွန်ယက်အဖွဲ့က ဆေးနဲ့ ကျောင်းသုံးပစ္စည်းတွေ ဒီနေ့ သွားရောက်ကူညီကြပါတယ်။ အဲဒီစခန်းတွေမှာ အဓိကလိုအပ်နေတာကတော့ အစားအသောက်နဲ့ ကျောင်းသူကျောင်းသားတွေအတွက် စာရေးကရိယာ ပစ္စည်းတွေဖြစ်တယ်လို့ သိရပါတယ်။ အဲဒီစခန်း တခုမှာရောက်ရှိနေတဲ့ အဖြူရောင်တွဲလက်များ အဖွဲ့ဝင်တစ်ယောက် ပြောပြတာက - "နာရေးကူညီမှုအသင်းက ၂ယောက်ပါတယ်။ နောက် မန္တလေးက အဖွဲ့ပါတယ် ကလေးချစ်သူများအဖွဲ့၊ အဲဒီအဖွဲ့မှာ ဆရာတော်တပါးပါတယ်။ ကူညီတာကတော့ ဆေးပစ္စည်း၊ ၀ှီးချဲတို့ ဒေါက်တို့ ညှပ်တို့ အဲဒါတွေတော့ ပါတယ်ခင်ဗျ။ အဖြူရောင်တွဲလက်များအနေနဲ့ကတော့ ပြီးခဲ့တဲ့ ၆ လကလည်းရောက်ထားတော့ ကျနော်တို့ ရိုက်ထားတဲ့ ဓါတ်ပုံလေးတွေ ။ဒီဘက်လုပ်တဲ့ဟာလေးတွေ၊ ပြန်ပေးတာတို့ ရှယ်တာပဲရှိတယ်ခင်ဗျ။ ကျန်တဲ့လူတာတို့ မပါသေးဘူးခင်ဗျ ကျန်တဲ့အဖွဲ့တွေကတော့ ကလေးတွေနဲ့ပတ်သက်တဲ့ ပညာရေးစာအုပ်စာတမ်းတွေ လှုတာ မန္တလေးအဖွဲ့တွေကတော့ ကျန်တဲ့အဖွဲ့တွေကတော့ ပိုက်ဆံတွေလှုကြတယ်။" ကေအိုင်အို ဒုက္ခသည်ကူညီစောင့်ရှောက်ရေးကော်မီတီ ဥက္ကဌ ဦးဒွဲပီစ က ဆေးဝါးနဲ့ အစားအစာ အကူအညီတွေလိုအပ်နေဆဲပဲလို့ပြောပါတယ်။ အခု ပြည်တွင်းက အကူအညီပေးရေးအဖွဲ့တွေ ရောက်နေတဲ့ တရုတ်မြန်မာနယ်စပ်က ဂျယ်ယန်နဲ့ ဖုံလုံယန် ဒုက္ခသည်စခန်း ၂ခုမှာ ဒုက္ခသည်ဦးရေ ၁ သောင်းကျော်ရှိပြီး ဆင်ဘို၊ မိုးမောက်၊ မံစီ၊ ဒေါ့ဖုန်းယန် မြို့နယ်အတွင်းက ရောက်လာသူတွေဖြစ်ကြပါတယ်။
By: RFA

သြဂုတ်လ (၁၆)ရက်နေ့ RFA ညပိုင်းအသံလွှင့်အစီအစဉ်

သတင်းလွတ်လပ်ခွင့်ကော်မတီ အထူးထုတ်ပြန်ကြေငြာချက်



ရက်စွဲ- သြဂုတ် ၁၆၊ ၂၀၁၂ ခုနှစ်။

သြဂုတ် ၁၆ ရက်နေ့တွင် ကျင်းပသော သတင်းလွတ်လပ်ခွင့်ကော်မတီ၏ လုပ်ငန်းဖြစ်မြောက်ရေးဆပ်ကော်မတီအစည်းအဝေးတွင် အောက်ပါဆုံးဖြတ်ချက်များကို ချမှတ်လိုက်သည်။
၁။ မြန်မာနိုင်ငံတွင် ဒီမိုကရေစီနှင့်ထိုက်တန်သော သတင်းလွတ်လပ်ခွင့်မရှိသေးသည့် ကိစ္စနှင့်ပတ်သက်ပြီး သတင်းမီဒီယာသမားများက တည်ဆဲဥပဒေများနှင့်အညီ တရားဝင်ဆန္ဒပြခွင့်လျှောက်ထားမည်ဖြစ်သည်။ ဆန္ဒပြမည့်နေရာမှာ မြို့တော်ခန်းမအနီးဖြစ်ပြီး ဆန္ဒပြခွင့်ကို သြဂုတ်လ ၂၁ ရက်နေ့တွင် ကျောက်တံတားမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးသို့ တရားဝင် လျှောက်ထားမည်ဖြစ်သည်။

၂။ သြဂုတ် ၂၂ ရက်နေ့တွင် Press Freedom အမှတ်တံဆိပ်ပါ အမည်းရောင်ဦးထုပ်များကို သတင်းမီဒီယာသမားများထံ ဖြန့်ဝေမည်ဖြစ်ပြီး ယင်းအမည်းရောင် ဦးထုတ်များကို ၀တ်ဆင်ခြင်းဖြင့် မြန်မာနိုင်ငံတွင်ဒီမိုကရေစီနှင့် ထိုက်တန်သော သတင်းလွတ်လပ်ခွင့် မရသေးသည်ကို ဖော်ထုတ်ရန်ဖြစ်သည်။

၃။သြဂုတ် ၂၃ ရက်နေ့ ဒဂုံမြို့နယ် တရားရုံးတွင် The Voice Weekly ရင်ဆိုင်နေရသော အမှုအတွက် စွဲချက် တင်သင့် ၊ မတင်သင့် တရားရုံးက ဆုံးဖြတ်မည်ကို Press Freedom တံဆိပ်ပါ အမည်းရောင် ဦးထုပ်နှင့် အမည်းရောင် အင်္ကျီများ ၀တ်ဆင်သွားရောက် သတင်းယူကြမည်ဖြစ်သည်။

၎။သြဂုတ် ၂၄ ရက်နေ့ ပုဇွန်တောင်မြို့နယ်တရားရုံးတွင် တရားရင်ဆိုင်နေရသော လျှပ်တပြက် ဂျာနယ်အမှုကို Press Freedom တံဆိပ်ပါ ဦးထုပ် နှင့် အမည်းရောင် အင်္ကျီများ ၀တ်ဆင်သွားရောက်သတင်းယူကြရန် ဖြစ်သည်။

၅။သြဂုတ် ၂၄ ရက်နေ့ ညနေ ၃ နာရီအချိန်၌ တော်ဝင်နှင်းဆီတွင် သတင်းလွတ်လပ်ခွင့် မရရှိသေးသည့် ကိစ္စ ၊ ဆင်ဆာ မဖျက်သိမ်းသည့် ကိစ္စ ၊ မီဒီယာ ဥပဒေကို မီဒီသမားများအား အသိမပေးဘဲ ရေးဆွဲနေမှုအပါအ၀င် သတင်းမီဒီယာထိန်းချုပ်နေမှုများကို ဖယ်ရှားပေးရန် ကိစ္စနှင့် ပတ်သက်သော အထူးသတင်းစာရှင်းလင်းပွဲ ပြုလုပ်မည်ဖြစ်သည်။

၆။ဒီမိုကရေစီနှင့် ထိုက်တန်သော သတင်းလွတ်လပ်ခွင့် ရရှိရေး ၊လိုအပ်သော လှုပ်ရှားမှုများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။

လုပ်ငန်းဖြစ်မြောက်ရေးဆပ်ကော်မတီ၊
သတင်းလွတ်လပ်ခွင့်ကော်မတီ၊
ရန်ကုန်မြို့။

ဧရာဝတီတိုင်းဒေသကြီး၊ ဒါးက အနီးရေလွှမ်းမိုးမှုများ
























ဒါးကမြို့၊ သာပေါင်းမြို့ ရှိမြို့ပေါ်ရပ်ကွက်များနှင့် မြို့နယ်များရှိ ကျေးရွာများတွင်ရေလွှမ်းမိုးမှုကြောင့် ရေဘေးသင့်ပြည်သူများ အတိဒုက္ခရောက်နေကြောင်းသိရသည်

            ဒါးကမြို့၊ သာပေါင်းမြို့ ရှိမြို့ပေါ်ရပ်ကွက်များနှင့်မြို့နယ်များရှိ ကျေးရွာများတွင်ရေလွှမ်းမိုး မှုကြောင့် ရေဘေးသင့်ပြည်သူများ အတိဒုက္ခရောက်နေကြောင်းသိရသည်။


     ဒါးကမြို့နယ်တွင်းရှိ ရေစကြီးတဲ့နေရာကတော့ ရိုးကြီး-ကြိမ်ချောင်း တံတားနားမှစတင်ခဲ့ပြီး ဒါးကတစ်မြို့ လုံးရေလွှမ်းမိုးလျက်ရှိသည်။ ရန်ကုန်- ပုသိမ်ကားလမ်းဘေးမှာ တဲထိုးနေရတဲ့ ကြိမ်ချောင်းရွာ အိမ်ထောင်စု နှစ်ဆယ့် ငါးစု ကို ကြက်ခြေနီက အမိုး အကူအညီပေးနေတယ် နာဖျားနေသူတွေကို ကျန်းမာရေးဌာနက ဆေးကုပေးလျက်ရှိပါတယ်။ NLD မှလည်း ရိက္ခာများ အကူအညီပေးနေတယ်လို့ သိရတယ်။ ဒါးက မြှိုဝင်လမ်းမှာတင် ရေက ဆယ့်နှစ်ပေလောက် ရှိနေတယ်လို့သိရပါတယ်။
 သာပေါင်းဘက်က သတင်းကတော့ တော်တော်ကြီးကို အခြေအနေ ဆိုးနေပါတယ်။ အကူအညီ ပေးဖို့လည်း တော်တော် အခက်အခဲ ဖြစ်နေတယ်လို့ သိရပါတယ်။ သာပေါင်းမြို့နယ်ထဲက ဆိုးဆိုးဝါးဝါး ရေဘေးဒဏ်ခံနေရတဲ့ နေရာတွေကတော့ စစ်ပင်ကြီးကျေးရွာ ၊ ဘုရားနီကျေးရွာ၊ ထန်းကုန်း၊ ကျွဲတန်း၊ ညောင်ကုန်း၊မဏ္ဍိုင် အစရှိတဲ့ ရွာတွေဖြစ်ပါတယ်။ ရေဘေးဒဏ်ခံနေရတဲ့ နေရာတွေမှာ စားစရာ နဲ့အခြားဆေးဝါးအကူအညီများလိုအပ်လျက်ရှိကြောင်းသိရပါတယ်။

ကိုးကား၊ ထက်အောင်(၀၉-၇၃၁၀၅၀၇၁) Facebook
   






ဧရာဝတီတိုင်း ပုသိမ်မြို့ ရေကြီးမှုမြင်ကွင်း(၁၆.၈.၂၀၁၂)

Debit Card များကို စတင်သုံးစွဲနိုင်တော့မည်



၁-၉-၂၀၁၂ ရက်နေ့မှ စတင်ပြီး ဘဏ် ၁၇ ဘဏ်မှ ပူးပေါင်းတည်ထောင်ထားသည့် MPU (Myanmar Payment Union)၏ Debit Card များကို စတင်သုံးစွဲနိုင်တော့မည်ဖြစ်ကြောင်း သိရှိရပါတယ်။

၎င်း MPU ကတ်များကို အသုံးပြုပြီး MPU အဖွဲ့ဝင်ဘဏ်များ၏ ATM များတွင် ငွေထုတ်နိုင်ခြင်း၊ MPU ကတ်လက်ခံသော ဆိုင်များတွင် ဈေးဝယ်နိုင်ခြင်းတို့ကို ပြုလုပ်နိုင်မည်ဖြစ်ပါတယ်။

မူလဘဏ်များမှ ထုတ်ပေးထားသော ATM ကတ်များနှင့် ယခု MPU ကတ်များကို ဘဏ်များမှ ၄င်းတို့အစီအစဉ်ဖြင့် လဲလှယ်ပေးမည်ဖြစ်ကြောင်းကို AGDဘဏ် ဖေ့ဘုတ်မှာရေးသားဖော်ပြထားပါတယ်။



သြဂုတ်လ (၁၆)ရက်နေ့ RFA ညပိုင်းအသံလွှင့်အစီအစဉ်

သြဂုတ်လ (၁၆)ရက်နေ့ RFA ညပိုင်းအသံလွှင့်အစီအစဉ်

UNHCR ရုံးရှေ့တွင် ဆန္ဒပြသူများ တရားစွဲခံရမှု တရားလို သက်သေများကို စတင် စစ်ဆေး



ရန်ကုန်၊ သြဂုတ် ၁၆

ရိုဟင်ဂျာ အရေးနှင့် ပတ်သက်၍ ကုလသမဂ္ဂ ဒုက္ခသည် များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ရှေ့တွင် ဆန္ဒ ဖော်ထုတ် ခဲ့သူများ အနက် ၄ဦးကို စမ်းချောင်းမြို့နယ် ရဲတပ်ဖွဲ့စခန်းက ပုဒ်မ ၁၈ ဖြင့် တရားစွဲထားပြီး သြဂုတ်လ ၁၆ရက်နေ့တွင် တရားလို သက်သေကို စတင် စစ်ဆေးခဲ့ကြောင်း တရားစွဲဆို ခံထားရသူ တစ်ဦးဖြစ်သော ဦးဝင်းခန့်က ပြောကြားသည်။

ဆန္ဒ ဖော်ထုတ်သူ လေးဦး ဖြစ်သော ဦးအောင်နိုင်ထွန်း၊ ဦးဝင်းခန့်၊ ဦးအောင်ကျော်ကျော်၊ ဦးမျိုးမင်းစိုး တို့ကို စမ်းချောင်းမြို့ နယ် တရားရုံး၌ သြဂုတ်လ ၁၃ရက်နေ့တွင် စတင် တရားစွဲဆိုခဲ့ပြီး သြဂုတ်လ ၁၆ရက် နေ့တွင် တရားလို သက်သေ တစ်ဦး ကို စစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း၊ ၄င်းတို့သည် ခွင့်ပြုချက် မရရှိပဲ ဆန္ဒ ဖော်ထုတ်ခဲ့သဖြင့် တရားစွဲဆို ခံရခြင်းဖြစ်ကြောင်း၊ အဆိုပါ ရုံးရှေ့တွင် ဆန္ဒ ဖော်ထုတ်ရန် စမ်းချောင်းမြို့နယ် ရဲတပ်ဖွဲ့မှူးကို တရားဝင် လျှောက်ထား ခဲ့သော်လည်း အဆိုပါ ရဲတပ်ဖွဲ့မှူးက ခွင့်ပြုချက် မပေးခဲ့၍ ယင်းသို့ ဆန္ဒ ဖော်ထုတ်ရခြင်းဖြစ်ကြောင်း ဆန္ဒ ဖော်ထုတ်သူများထံမှ သိရှိရသည်။

ငြိမ်းချမ်းစွာ စုဝေးခွင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့် ဥပဒေအရ ငြိမ်းချမ်းစွာ စုဝေး လိုသူများသည် အနည်းဆုံး ငါးရက် ကြိုတင် လျှောက်ထားရမည်ဆိုသော်လည်း လေးရက်သာ ကြိုတင် လျှောက်ထားခဲ့သဖြင့် ခွင့်မပြုခဲ့ခြင်း ဖြစ်ကြောင်း UNHCR ရုံးရှေ့တွင် ဆန္ဒ ဖော်ထုတ်မှု ဖြစ်ပွါးသော နေ့တွင် စမ်းချောင်းမြို့နယ် ရဲတပ်ဖွဲ့မှူးက ရှင်းပြသည်။

UNHCR ရုံးရှေ့တွင် ဆန္ဒ ဖော်ထုတ် လေးဦးကို တရားစွဲဆို ထားသည်မှာ မှန်ကန်သော်လည်း မည်သည့် ပုဒ်မဖြင့် တရား စွဲဆိုထားသည်ကို မသိကြောင်း စမ်းချောင်းမြို့နယ် ရဲတပ်ဖွဲ့ စခန်းကို သြဂုတ်လ ၁၃ ရက်နေ့နှင့် ၁၆ရက်နေ့တို့က The Voice Weekly ၏ ဆက်သွယ် မေးမြန်းချက်ကို ယင်းရဲတပ်ဖွဲ့ စခန်းကို ပြန်လည်ဖြေကြားသည်။

နိုင်ငံတော် သမ္မတကြီး၏ ရိုဟင်ဂျာ အရေးကို ရဲရင့် ပြတ်သားစွာ ပြောကြားချက်ကို ထောက်ခံကြောင်း၊ UNHCR မဟာ မင်းကြီး ပြောကြားသော ရိုဟင်ဂျာများနှင့် အတူ ယှဉ်တွဲ နေထိုင်ရေး ပြောကြားချက်အား ကန့်ကွက် ရှုတ်ချသော အနေနှင့် ပြည်သူ ၂၀ခန့် UNHCR ရုံးရှေ့တွင် သြဂုတ်လ ၃ရက်နေ့က ဆန္ဒဖော်ထုတ် ခဲ့ကြသည်။
The Voice Weekly

တိဘက်ဒေသ ငလျင် ဓာတ်ပုံများနှင့် တိဘက်ဘုန်းတော်ကြီးများ ပုံကို နိုင်ငံတကာ မီဒီယာ အချို့ တလွဲ အသုံးပြုမှု CTA သတိပေး



ရန်ကုန်၊ သြဂုတ် - ၁၆

ရခိုင်ပြည်နယ်တွင် လတ်တလော ဖြစ်ပွားခဲ့သော ပဋိပက္ခများကို နိုင်ငံတကာ သတင်းမီဒီယာများနှင့် အင်တာနက် ဝက်ဘ်ဆိုက်များတွင် သတင်းဓာတ်ပုံများ ဖော်ပြရာ၌တိဘက်ဒေသတွင် လှုပ်ခတ်ခဲ့သည့် မြေငလျင်နှင့် ပတ်သက်သည့် ဓာတ်ပုံများကိုလွဲမှားစွာ အသုံးပြုမှုများ ရှိနေခြင်းကြောင့် မလိုလားအပ်သည့်
အရေးကိစ္စများ ဖြစ်ပေါ်လာမည်ကို စိုးရိမ်မိသည်ဟုတိဘက်ဒေသ အုပ်ချုပ်ရေးအဖွဲ့ ဗဟို(Central Tebetan Administration-CTA) ကသတိပေး ကြေညာချက်ထုတ်ပြန်လိုက်ကြောင်း The Tiebet Post
သတင်းစာကရေးသားဖော်ပြသည်။

နိုင်ငံတကာနှင့် အခြား ပြည်တွင်းမီဒီယာတို့က မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်တွင် ဇွန်လအတွင်း ဖြစ်ပေါ်ခဲ့သော ပဋိပက္ခများအကြောင်းရေးသား တင်ဆက်ကြရာတွင်တိဘက်ပြည်၌ ပြင်းထန်စွာ လှုပ်ခတ်ခဲ့သည့်မြေငလျင် သတင်း ဓာတ်ပုံများကို လွဲမှားစွာ အသုံးပြုထားသည် ကိုတွေ့ရကြောင်း၊ မြေငလျင် လှုပ်ခတ်ခဲ့သော Kyigudho ပြည်နယ်တစ်ဝိုက် အပျက်အစီးများနှင့် သေဆုံးသူ ရုပ်အလောင်းများအကြား ကယ်ဆယ်ရေး လုပ်ငန်း လုပ်ကိုင်ပေးနေကြသည့် တိဘက် ဘုန်းတော်ကြီးများ ၏ ဓာတ်ပုံများကို အသုံးပြုထားခြင်း ဖြစ်ကြောင်းအဆိုပါ အဖွဲ့၏ သတိပေး ကြေညာချက်တွင် ပါရှိသည်။

'ရခိုင်ပြည်နယ်တွင်း လတ်တလော ဖြစ်ပေါ်နေသော ပဋိပက္ခ အပေါ်မီဒီယာအချို့က သတင်းရေးသား တင်ဆက်ရာ၌ တိဘက်ဒေသမှ ဘုန်းတော်ကြီးများ မြေငလျင် လှုပ်ခတ်မှုတွင် ကယ်ဆယ်ရေး လုပ်ငန်း လုပ်ကိုင်နေကြသည့် ဓာတ်ပုံများကို ထည့်သွင်း ဖော်ပြထား သည်ကို တွေ့ရှိရသောကြောင့် ကျွန်ုပ်တို့ တိဘက် အုပ်ချုပ်ရေး အဖွဲ့ဗဟိုအနေဖြင့် များစွာ စိတ်အနှောက်အယှက် ဖြစ်ရသလို အလွန်အမင်းလည်း စိုးရိမ် ပူပန် မိသည်' ဟု အိန္ဒိယနိုင်ငံ၊ Dharamshala မြို့အခြေစိုက် CTA အဖွဲ့၏ ကြေညာချက်က ဆိုသည်။

'ငလျင်ကြောင့် သေဆုံးခဲ့ရသူများ၏ ရုပ်အလောင်းများ အကြားမတ်တပ် ရပ်နေသည့် တိဘက် ဘုန်းတော်ကြီးများ၏ ဓာတ်ပုံများမှာရခိုင်ကိစ္စ ရေးသား ဖော်ပြကြသည့် မွတ်စလင် နိုင်ငံများ၊ အထူးသဖြင့်
ပါကစ္စတန် နိုင်ငံမှ သတင်းဝက်ဘ်ဆိုက် များတွင် ဖော်ပြ ပါရှိလာသည် ကိုတွေ့ရသည်' ဟု ယင်းအဖွဲ့က ဆိုသည်။

ရခိုင်ပြည်နယ်တွင် ဇွန်လအတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် လူပေါင်း ၈၀ကျော် သေဆုံးခဲ့ကာ ဒုက္ခသည် ခြောက်သောင်းကျော် ရှိကြောင်း၊ဈေးများ၊ စာသင်ကျောင်းများ၊ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းများ၊ ဗလီများလည်း ပျက်စီး ဆုံးရှုံး ခဲ့ကြောင်း တရားဝင် ထုတ်ပြန် ချက်များအရ သိရသည်။

မူရင်းလင့်...
http://www.thetibetpost.com/en/news/international/2775-tibet-earthquake-photos-misleading-in-myanmar-conflict-reports

Wednesday, August 15, 2012

ပုဂ္ဂလိက ဆေးဘက်ဆိုင်ရာ သင်တန်းများအား တည်ဆဲဥပဒေအရ ဖျက်သိမ်းမည်



ရန်ကုန်၊ သြဂုတ် ၁၃
ပြည်တွင်းတွင် ဖွင့်လှစ်ထားသော ပုဂ္ဂလိကဆေးဘက်ဆိုင်ရာ သင်တန်း များမှာ တည်ဆဲဥပဒေအရ ဖွင့်ခွင့်မရှိ၍ အားလုံးဖျက်သိမ်းသွားရမည်ဟု ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူက ပြောသည်။ '' ဒီသင်တန်းတွေ အသင်း အဖွဲ့တွေကို အရေးယူဖို့ကို ဘယ်ဝန် ကြီးဌာနရဲ့ ခွင့်ပြုမှုနဲ့ ဖွင့်နေတယ်ဆို တာကို စစ်ဆေးပေးဖို့လည်း တိုင်း ဒေသကြီးနဲ့ ပြည်နယ် အစိုးရတို့ကို ပါ ညှိနှိုင်းထားပြီးပါပြီ။ ဥပဒေကြောင်း အရပဲသွားမယ်။ ဒီလုပ်ငန်းတွေက လူ့အသက်နဲ့ ဆိုင်တယ်''ဟု အထက်ပါ ပုဂ္ဂိုလ်က ပြော သည်။
၂ဝဝ၄-၂ဝဝ၅ ခုနှစ် ပိုင်းက စကာ ကျန်းမာရေး စောင့်ရှောက်မှုနှင့် ပတ် သက်သော ဆေး ဘက်ပညာ၊ ဆေးဝါးကျွမ်းကျင်နှင့် သူနာပြုသင်တန်း တို့ကို ပုဂ္ဂလိကမှ ဖွင့်လှစ်ခဲ့သည်။ အောင်ချမ်းမြေ့ သင်တန်း ကျောင်း တည်ထောင်သူ ဒေါက် တာ ကျော်ကျော်နိုင်က ၄င်းတို့အနေ ဖြင့် သင်တန်း များ ဖွင့်လှစ်ခဲ့သည်မှာ ကိုးနှစ်တာ ကြာပြီဖြစ်ကာ ပညာ ရေးဝန်ကြီးဌာနမှချ ထားပေးခဲ့သော သင်ကြားခွင့်လိုင် စင်စာရွက်စာ တမ်းများဖြင့် ဖွင့် လှစ်ခြင်း ဖြစ်ကြောင်း ပြောသည်။

''ဒီတစ်လပြတ်၊ နှစ်လပြတ် သင်တန်းတွေကိုလည်းနဂိုကတည်း ကမှ အသိအမှတ်မပြုတာ။ ဥပဒေ မရှိပေမယ့် အရင်တုန်းက လက်ခံ တယ်လေ။ အခု ဒီကလက်မှတ်နဲ့ ဆေးဆိုင်ဖွင့်ထားတာ အများကြီး ပဲ''ဟု ၄င်းကပြော သည်။ ကျန်းမာရေးစီမံကိန်း ဦးစီးဌာန ၏ အငြိမ်းစား ဒုတိယ ညွှန်ကြားရေး မှူးချုပ်အဖြစ်လုပ်ကိုင်ခဲ့သူ ဒေါက်တာဖုန်းမြင့်က ကျန်းမာရေး အထောက် အကူပြုသင်တန်းများ ဆို သည်မှာ လူထု၏ လိုအပ်မှုအရသာ ဖြစ်သင့်၍ စီးပွားရေးသမားများ၏ လိုအပ်ချက်အရ မဖြစ်သင့်ကြောင်း၊ ဥပဒေ အရအောင်လက်မှတ်များကို အသိအမှတ်မပြုဟု ဆိုပါကမလုပ် သင့်ကြောင်း ပြောသည်။

ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူက ''ဖျက်သိမ်းရမယ့် ဆေးဘက်ပညာ ဆိုင်ရာကျွမ်းကျင် သင်တန်းတွေအနေနဲ့ ပြန်ပြီးတော့ မှတ်ပုံတင်ရ ပါလိမ့် မယ်။ ခွင့်ပြုရင် ဖွင့်လို့ရပါလိမ့်မယ်''ဟု ပြောသည်။ အောင်ချမ်းမြေ့ သင် တန်း ကျောင်းတည်ထောင်သူ ဒေါက်တာ ကျော်ကျော်နိုင်ကမူ ဒီမိုကရေစီ စနစ် အရ ဥပဒေမရှိပါက ဥပဒေရေးဆွဲ သင့်ပြီးကိုက် ညီအောင်ဆောင်ရွက် သင့်ကြောင်း သင်တန်းကျောင်းများ မှာခရိုနီထဲတွင် မပါဝင်ဘဲ လူအများ ကို အထောက်အကူဖြစ်စေသည့် သင်တန်းသာဖြစ်ကြောင်းပြောသည်။
ပုဂ္ဂလိက ဆေးဘက်ဆိုင်ရာ သင်တန်းများမှ နှစ်စဉ်သင်တန်းသား ဦးရေ လေးထောင်နှင့် ငါးထောင် ကြားမွေးထုတ်နေကြပြီး ပြည်တွင်း တွင် သောင်းချီအလုပ် လုပ်ကိုင်နေ ကြောင်းနှင့် စင်ကာပူနှင့် မလေး ရှား နိုင်ငံတို့ရှိ ဘိုးဘွားရိပ်သာတို့တွင် ၄င်းလက်မှတ်များကိုင်ကာ အလုပ် လုပ်ကိုင်နေကြကြောင်း စုံစမ်းသိရှိရသည်။

''မသမာမှုတွေ without တွေ မှအများကြီးပါပဲ။ အဲဒါတွေကို တော့ ဒီအတိုင်းထိုင်ကြည့်နေပါတယ်။ စာသင်တာအပြစ် မဟုတ်ပါဘူး'' ဟု ဒေါက်တာ ကျော်ကျော်နိုင်က ထပ်လောင်းဆိုသည်။ ပုဂ္ဂလိက ဆေးရုံ တစ်ရုံမှ ဒေါက်တာအောင်ဇေမိုးက ထိုသင်တန်းဆင်းများအား အလုပ်ခန့် ထားပေးရန် အလုပ်ခေါ်ယူရာတွင် ၈ဝ ရာခိုင် နှုန်းခန့်သည် အခြေခံပြု စုစောင့်ရှောက်မှုနည်းများအား မေးရာများစွာ မသိကြဘဲဖြစ်နေကြောင်း၊ လူလို အပ်နေ၍သာ ခန့်နေခြင်းဖြစ်သော် လည်း သေသေချာချာဖြေနိုင်သူကို သာခန့်ပါကြောင်းပြောသည်။ ဒါတောင် သုံးလအစမ်းခန့်ပြီး ထပ်သင်ပေး တယ်။ ပြီးရင်စာမေးပွဲ စစ်တယ်။ မဖြေနိုင်ရင်တော့ ထုတ်ပစ်တယ်။ နှမြော စရာမရှိပါဘူး။ လူနာ အတွက်ဘယ်ကောင်းမလဲ။ သုံးလ လောက်နဲ့တော့ ဒီပညာတွေကို မတတ်နိုင်ဘူး။ အဲဒီသင်တန်းတွေ ကိုဖွင့်ခွင့်ပေးမယ်ဆိုရင် သူတို့တွေ အတွက် အသေအချာ သင်ရိုးရေး ဆွဲပြီးချပေးရမယ်''ဟု ၄င်းက ထပ်လောင်း ပြောသည်။
PN-051၊မြတ်စုငြိမ်း

ဒုသမ္မတအဖြစ် ဗိုလ်ချုပ်ကြီးဥာဏ်ထွန်း ကျမ်းသစ္စာကျိန်ဆို





DSA အပတ်စဉ် ၁၆ မှ အသက် ၅၉ နှစ် အရွယ်ရှိ တပ်မတော်ရေ ကာကွယ်ရေး ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးဥာဏ်ထွန်း ဒုသမ္မတအဖြစ် ယနေ့ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်တွင် ကျမ်းသစ္စာကျိန်ဆိုစဉ်။ ဓါတ်ပုံ - 7Day News Journal

Monday, August 13, 2012

ရန်ကုန်နှင့် မန္တလေးမြို့များတွင် City Plan များရေးဆွဲအကောင်အထည်ဖော်သွားရန်နိုင်ငံတော်သမ္မတပြောကြား



နေပြည်တော် ဩဂုတ် ၁၃

စီမံကိန်းကော်မရှင် ဥက္ကဌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ယနေ့ နံနက် (၉) နာရီတွင် နိုင်ငံတော်သမ္မတရုံး အစည်းအဝေးခန်းမကျင်းပသည့် စီမံကိန်းကော်မရှင်ဒုတိယအကြိမ် အစည်းအဝေးသို့တက်ရောက်ပြီး အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချူပ်၊ ပြည်ထောင်စုစာရင်းစစ်ချူပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဌ၊ တိုင်းဒေသကြီး / ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချူပ်များ၊ ကိုယ်ပိုင်အုပ်ချူပ်ခွင့်ရ တိုင်း/ဒေသ ဥက္ကဌများ တက်ရောက်ကြသည်။

ရှေးဦးစွာ စီမံကိန်းကော်မရှင်ဥက္ကဌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကအဖွင့်အမှာစကားပြော ကြားသည်။ ပြောကြားချက်အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်-

ကျွန်တော်တို့ ဒီကနေ့ အစည်းအဝေးကတော့ ပြီးခဲ့တဲ့ အစည်းအဝေးမှာ ကျွန်တော်တို့ ချမှတ်ခဲ့ကြတဲ့ Reform Stretegy နဲ့ပတ်သက်ပြီး မြို့ပြနဲ့ ကျေးရွာများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ထိထိရောက်ရောက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ကြရန် အခြေခံ လိုအပ်ချက်ဖြစ်တဲ့ City Plan ၊ Town Plan နဲ့ Village Plan တို့ ရေးဆွဲရေးနဲ့ပတ်သက်ပြီး ရန်ကုန်မြို့နဲ့ မန္တလေးမြို့တို့ရဲ့ City Plan များကို လေ့လာ ဆွေးနွေး အကောင်အထည်ဖော် ဆောင်ရွက်ကြဖို့ ဖြစ်ပါတယ်။

မြို့ပြနဲ့ကျေးလက်စီမံကိန်းများ ရေးဆွဲရာမှာ--------

သတင်းအပြည့်အစုံဖတ်ရန်

ဒေါ်အောင်ဆန်းစုကြည် နဲ့ သူရဦးရွှေမန်း တွေ့ဆုံဆွေးနွေး



အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် နဲ့ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်း တို့ ဒီကနေ့ နေ့လည်ပိုင်း လွှတ်တော်အစည်းအဝေးခေတ္တရပ်နားချိန်မှာ သီးသန့် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရပါတယ်။ တွေ့ဆုံပွဲဟာ ၂ နာရီ နီးပါးခန့်ကြာမြင့်ခဲ့ပြီး ဆွေးနွေးချက်တွေကို သတင်းထုတ်ပြန်ဖို့ မရှိကြောင်း ပြန်ကြားရေးတာဝန်ခံ NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအုန်းကြိုင်က ပြောပါတယ် ။

လွှတ်တော်ဥက္ကဌ နဲ့ တွေ့ဆုံပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ဟာ လွှတ်တော်ရေးရာကော်မတီဥက္ကဌတွေ နဲ့လည်း တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

ဒီကနေ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်းကို အတည်ပြုကြောင်းလဲ သိရပါတယ်။

RFA 

ဒေါ်အာင်ဆန်းစုကြည် နေပြည်တော် ဒက္ခိဏသီရိ မြို့နယ်၊ ကျေးရွာ ဒေသခံတွေ ရဲ့ လိုအပ် ချက်တွေ ကို တွေ့ဆုံဆွေးနွေး



ဒေါ်အာင်ဆန်းစုကြည် အနေနဲ့ နေပြည်တော် ဒက္ခိဏသီရိ မြို့နယ်၊ ကျေးရွာ ဒေသခံတွေ ရဲ့ လိုအပ် ချက်တွေ ကို တွေ့ဆုံဆွေးနွေးခဲ့ပါတယ် ။

ဒေသခံတွေဘက်က လယ်ယာမြေ အသိမ်းခံ၇မှု ကျောင်းစ၇ိတ်မတတ်နိုင်မှု လျှပ်စစ်မီးမ၇၇ှိမှုတွေကို တင်ပြသွားတယ်လို့ သိ၇ပြီး ဒေါ်အာင်ဆန်းစုကြည်က လယ်ယာမြေ အသိမ်းခံ၇မှုအတွက် NLD ဥပဒေထောက်ကူပြု ပညာရှင်အဖွဲ့တွေမှတဆင့် ဆောင်၇ွက်ပေးမှာဖြစ်
ပြီး အခမဲ့ပညာဒါနကျောင်း စီစဉ်ပေးပြီး ကျေး၇ွာတွေမှာ သွားေ၇ာက် ပညာသင်ကြားပေးလိုသူများအတွက်လည်း ဆ၇ာအတတ်သင် သင်တန်းများပို့ချပေးသွားမည်ဖြစ်ကြောင်း ပြောသွားခဲ့ပါတယ်။

မိမိတို့မှာ အစိုး၇အဖွဲ့အစည်း မဟုတ်ပဲ လုပ်နိုင်တဲ့ အခြေအနေမှာလည်း အကန့်အသတ်သာ၇ှိကြောင်း ဦးစွာ၇ှင်းပြထားလိုပြီး တတ်နိုင်သလောက်တော့ လုပ်ပေးသွားမှာ ဖြစ်တဲ့အကြောင်းလည်း ဖြည့်စွက်ပြောကြားသွားပါတယ်။
facebook: Zaw Min Oo

ဆော်ဒီအာရေးဗီးယားဘုရင် Abdullah က အမေရိကန်ဒေါ်လာ သန်း ၅၀ အကူအညီပေးဖို့ မနေ့က အမိန့်ထုတ်ပြန်



မြန်မာနိုင်ငံက ဘင်္ဂလီ ရိုဟင်ဂျာတွေအတွက် ဆော်ဒီအာရေးဗီးယားဘုရင် Abdullah က အမေရိကန်ဒေါ်လာ သန်း ၅၀ အကူအညီပေးဖို့ မနေ့က အမိန့်ထုတ်ပြန်လိုက်ပါတယ်။ ဆော်ဒီအာရေးဗီးယား အစိုးရ သတင်းဌာနက ရိုဟင်ဂျာ မူဆလင်တွေဟာ လူမျိုးတုန်း သတ်ဖြတ်မှုတွေ၊ အဓမ္မပြောင်းရွှေ့ခံရမှုတွေ၊ အဓမ္မပြုကျင့်ခရမှုတွေ အပါအ၀င် လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ ခံနေရတယ်လို့ ပြောဆိုကြောင်း သိရပါတယ်။

တခြားသတင်းတပုဒ်မှာတော့ မြန်မာနိုင်ငံက မူဆလင် ရိုဟင်ဂျာ အရေးကို စိုးရိမ်ကြတဲ့ ဗြိတိန်အပါအ၀င် တခြား နိုင်ငံတွေ အနေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုပဲ ဖိအားပေးနေတာမျိုးမဟုတ်ပဲ မြန်မာအစိုးရနဲ့ တိုက်ရိုက် ပြောဆိုကြဖို့ ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ် Mrs. Sheikh Hasina က ပြောလိုက်ပါတယ်။

ဒီအတောအတွင်း ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ(RNDP)က မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တောမတ်စ် ကင်တားနား (Tomas Qintana) ရဲ့မြန်မာပြည်ခရီးစဉ်အပြီး ရခိုင်ပြည်နယ်အရေး ပြောဆိုချက်တွေကို ကန့်ကွက် လိုက်ပါတယ်။

သြဂုတ်လ(၁၂)ရက်ရက်စွဲနဲ့ ထုတ်ပြန်တဲ့ RNDP ရဲ့ကြောငြာချက်တွေထဲမှာ 'ရိုဟင်ဂျာ'ဆိုတဲ့ စကားလုံးကို တောမတ်(စ်)ကင်တားနားက သုံးနှုန်းပြောဆိုတာဟာ ရခိုင်လူမျိုးတွေရဲ့ သမိုင်းအစဉ်အလာနဲ့ ဖြစ်တည်မှုကို အသိအမှတ် မပြုရာ ရောက်နေ တဲ့အတွက် အဲဒီ စကားလုံးကို သုံးနှုန်းခြင်းမပြုဖို့ တိုက်တွန်းထားကြောင်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) အတွင်းရေးမှူး ဦးခိုင်ပြည်စိုးက RFA ကို ပြောပါတယ်။

၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေ (Burma Citizenship Law)ကို ပြန်လည်သုံးသပ်ပေးရန်ဆိုတဲ့ တောင်းဆိုခြင်းနဲ့ ပတ်သက်လို့လည်း နိုင်ငံတစ်နိုင်ငံရဲ့ အတည်ပြုပြဌာန်းထားတဲ့ ဥပဒေကို လေးစားလိုက်နာဖို့တိုက်တွန်း ကြောင်း၊ ဒါ့အပြင် မစ္စတာ ကင်တားနားဟာ ပဋိပက္ခဇာစ်မြစ်ကို တစ်ဖက်သတ်အမြင်နဲ့ ဖိအားပေး ပြောဆိုခြင်း ကြောင့်အဖြစ်မှန်တရား ပေါ်ထွက်နိုင်စရာအကြောင်း မရှိတဲ့အတွက် ကမ္ဘာ့ကုလသမဂ္ဂ အနေနဲ့ သမာသမတ် ကျတဲ့ အထူးကိုယ်စားလှယ်တစ်ဦး ပြောင်းလဲတာဝန်ပေးအပ်ဖို့ တောင်းဆိုကြောင်း RNDP ပါတီရဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

RFA Burmese

 

ရွှေပြည်သာမြို့နယ် အမှတ်(၁၈)ရပ်ကွက် ဦးဘိုးလှိုင်လမ်းမှာ နေထိုင်သူများ နေစရာ အစားပြန်ပေးဖို့ဆန္ဒပြတောင်းဆို



ရွှေပြည်သာမြို့နယ် အမှတ်(၁၈)ရပ်ကွက် ဦးဘိုးလှိုင်လမ်းမှာ နေထိုင်နေတဲ့ ကျူးကျော်အိမ်(၉၀)ကျော်ကို
အာဏာပိုင်တွေက သြဂုတ်လ(၁၅)ရက်နေ့ နောက်ဆုံးဖယ်ရှားခိုင်းတဲ့အတွက် တခြားနေရာ တခုမှာ နေစရာ အစားပြန်ပေးဖို့ နေထိုင်သူတွေက ဆန္ဒပြတောင်းဆိုကြပါတယ်။

အခုလို ဆန္ဒပြဖို့ မြို့နယ်ရဲစခန်းမှာ သြဂုတ်လ(၈)ရက်နေ့က လျှောက်ထားခဲ့တာဖြစ်ပြီး၊ တရားဝင် ခွင့်ပြုချက် မနေ့က ရရှိခဲ့တယ်လို့ သိရပါတယ်။ ဒီကနေ့ ဆန္ဒပြရာမှာ မနက်(၁၀)နာရီကနေ နေ့လည် (၁၂)အထိ ရွှေပြည်သာမြို့နယ် ဦးဘိုးလှိုင်လမ်းကနေ ရွှေပြည်သာစက်မှုဇုံ စီမံခန့်ခွဲရေးရုံးအထိ ချီတက်ခဲ့ကြတာဖြစ်ပါတယ်။ အာဏာပိုင်တွေက တစုံတရာ တားဆီးနှောက်ယှက်တာ မရှိပေမယ့် မှတ်တမ်းဓာတ်ပုံရိုက်ယူတာ၊ အနီးကပ်စောင့်ကြည့်တာတွေရှိခဲ့ပါတယ်။
ရွှေပြည်သာမြို့နယ် အမှတ်(၁၈)ရပ်ကွက် ဦးဘိုးလှိုင်လမ်းမှာရှိတဲ့ ကျူးကျော်အိမ်အများစုဟာ အဲဒိနေရာမှာ နေထိုင်လာတာ ၅နှစ်ကနေ ၁၀နှစ်အထိ ရှိနေပြီလို့ သိရပါတယ်။ နေထိုင်ဖို့အတွက် ရပ်ကွက်အာဏာပိုင် တွေကို ငွေကျပ် (၂) သောင်းခွဲလောက်အထိ ပေးခဲ့ကြရတယ်လို့လည်း ဆိုပါတယ်။

အဲဒီအတောအတွင်း အင်းစိန်မြို့နယ် ခ၀ဲခြံရပ်ကွက် စက်မှု(၁)၀င်းထဲမှာရှိတဲဆိုင်ခန်း (၂၀)ကျော်ကိုလည်း အခုသီတင်းနှစ်ပတ်အတွင်း ဖယ်ရှားပေးဖို့ အာဏာပိုင်တွေက ညွှန်ကြားထားတဲ့အတွက် မပြောင်းရွှေ့လိုတဲ့ ဆိုင်ခန်းရှင်တွေက သမ္မတရုံးကို လက်မှတ်ရေးထိုးတင်ပြထားသလို၊ (၈၈) မျိုးဆက်ကျောင်းသားတွေကိုလည်း အကူအညီတောင်းခံထားတယ်လို့ ပြောပါတယ်။

ဒီသတင်းကို RFA သတင်းထောက်မသူဇာ ပေးပို့တာပါ။

Sunday, August 12, 2012

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောက်ဆန်းစုကြည် ဒုတိယအကြိမ်တွေ့ဆုံ


သြဂုတ်- ၁၂
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဒေါ်အောင်ဆန်းစုကြည်တို့သည် နေပြည်တော်၌ ယနေ့နံနက် ၉ နာရီခန့်က တွေ့ဆုံခဲ့ပြီး တစ်နာရီခန့်ကြာ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ရေး အရာရှိဒေါက်တာတင်မာအောင်က အတည်ပြု ပြောကြားသည်။

မည်သည့်အကြောင်းအရာများ ဆွေးနွေးခဲ့သည်ကိုမူ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေဖြင့် သတင်းထုတ်ပြန်ရန် မရှိဘဲ သမ္မတရုံးကသာ ထုတ်ပြန်ပါလိမ့်မည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုအလုပ်အမှုဆောင် ဦးအုန်းကြိုင်ကပြောကြားသည်။

ယခုတွေ့ဆုံမှုသည် နိုင်ငံတော်သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ နှစ်ဦး၏ ဒုတိယအကြိမ်မြောက် သီးသန့်တွေ့ဆုံမှုဖြစ်သည်။
7Day News Journal

Saturday, August 11, 2012

ပြည်သူ့လွှတ်တော်ဝက်ဆိုက်လွှင့်တင်

ပြည်သူ့လွှတ်တော်ဝက်ဆိုက်အား pyithuhluttaw.gov.mm လိပ်စာဖြင့်စမ်းသပ်လွှင့်တင်ထားကြောင်းသိရသည်။
ဝက်ဆိုက်ကြည့်ရှုလိုပါက