Monday, October 17, 2016
Tuesday, October 11, 2016
Sunday, October 9, 2016
အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင် အပါအ၀င် ၄ ဦး အမှုဖွင့်ခံရ
အမှုဖွင့်သူ ဦးကျော်သောင်း အားတွေ့ရစဉ်
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်နဲ့
မြန်မာနိုင်ငံပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ်
MOEAF က တာဝန်ရှိသူ ၃ ဦးကို ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများအဖွဲ့
MAT ဒါရိုက်တာ ဦးကျော်သောင်း က ပုဒ်မ ၂ ခုနဲ့ အမှုဖွင့်လိုက်ပါတယ်။
မြန်မာနိုင်ငံပြည်ပအလုပ်အကိ
Tuesday, August 23, 2016
ထိုင်းနိုင်ငံတွင်အလုပ်လုပ်ကိုင်လျှက်ရှိသော ရွှေ့ပြောင်းအလုပ်သမားများ တိုင်တန်းနိုင်ပြီ
23 August 2016
မြန်မာအလုပ်သမားများအားလုံး မိမိတို့ရဲ့ အလုပ်ရှင်များမှ နှိပ်စက်ညှင်းပန်းမှု၊ အစိုးရ၀န်ထမ်းများ၏ လာဘ်ပေးလာဘ်ယူမှု၊ အထောက်အထားမပြည့်စုံသော တရားမ၀င် အလုပ်သမားများအား ငှားရမ်းအသုံးပြုမှု၊
မြန်မာအလုပ်သမားများအားလုံး မိမိတို့ရဲ့ အလုပ်ရှင်များမှ နှိပ်စက်ညှင်းပန်းမှု၊ အစိုးရ၀န်ထမ်းများ၏ လာဘ်ပေးလာဘ်ယူမှု၊ အထောက်အထားမပြည့်စုံသော တရားမ၀င် အလုပ်သမားများအား ငှားရမ်းအသုံးပြုမှု၊
Monday, August 22, 2016
နေပြည်တော်နယ်မြေ တပ်ကုန်မှ ချင်းတိုင်းရင်းသား၈ဦးနှင့် ဗမာတစ်ဦးလူကုန်ကူးခံရာမှလွတ်မြောက်
၂၀၁၆ ခု သြဂုတ်လ ၂၂
ကိုတီး
နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ် ၊ကျောက်အိုး ရွာမှ ချင်းတိုင်းရင်းသား၈ဦးနှင့် ဗမာတစ် ဦးတို့ လူကုန်ကူးခံရသည်ကို MAT အဖွဲ့ နှင့် နယ်မြေရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ ကယ်တင်နိုင်ကြောင်းသိရသည်။
ခုံသမာဓိကောင်စီတွင်ပါဝင်သည့် အလုပ်သမားကိုယ်စားလှယ်များကို ပြန်လည်ရွေးချယ်ပေးရန် မန္တလေး၌ ဆန္ဒပြတောင်းဆို
ခုံသမာဓိကောင်စီမှ အလုပ်သမား ကိုယ်စားလှယ်များအား ပယ်ဖျက်ပေးရေးအတွက် မန္တလေးမြို့၌ အလုပ်သမားများ ဆန္ဒပြနေစဉ် (ဓာတ်ပုံ-ဌေးလှအောင် Eleven Media Group)
August 22, 2016
ပြည်ထောင်စုအဆင့်
အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေး ခုံသမာဓိကောင်စီ၏
အလုပ်သမားကိုယ်စားလှယ်များ ပြန်လည်ရွေးချယ်ပေးရန် မန္တ လေးမြို့တွင် သြဂုတ် ၂၁ ရက်
နံနက်က အထက်မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများမှ အလုပ် သမား ၁၀၀ ခန့်က ဆန္ဒပြတောင်း
ဆိုခဲ့သည်။
ထိုင်းသို့ ကျပ်ခြောက်သောင်းခွဲကျော်ဖြင့် အလုပ်သွားလုပ်နိုင်မည့် ၀န်ဆောင်မှု Thai Union ပေးမည်ဟုဆို
သြဂုတ် ၂၀ ရက်က Thai Union မှ ၎င်းတို့၏
ဝန်ဆောင်မှုအတွက် ရှင်းလင်းပြောကြားနေစဉ် (ဓာတ်ပုံ - ထက်အာကာကျော်)
ထိုင်းသို့ နှစ်နိုင်ငံသ ဘောတူစာချုပ်
MoUဖြင့် သွား ရောက်အလုပ်လုပ်ကိုင်သူများအ တွက် အလုပ်ရှင်ဘက်က လိုအပ် သည့်
ကုန်ကျစရိတ်ကျခံနေရ သည့်စနစ်ကို Thai Union Group က စတင်ကြောင်း သတင်းရရှိသည်။
Friday, August 12, 2016
High Strung (2016) မြန်မာစာတန်းထိုး
High Strung ဇာတ်ကားသည် IMDb(6.6) ရရှိထားပြီး ပရိတ်သတ်များ မထင်မှတ်ထားလောက်သော အမြင်မှ ရိုက်ကူးပြထားသည်။
Keeping Mum (2005) မြန်မာစာတန်းထိုး
Keeping Mum သည် ဇာတ် ကား လေးကို ကိုပြည် ဟိန်းစိုးရဲ့ တိုက် တွန်းမှု့ ကြောင့်  ဘာသာပြန် ဖြစ် သွားခဲ့တာပါ
Love (2015) မြန်မာစာတမ်းထိုး
Jaketaw85 ဘလော့ထဲကိုဝင်ရောက်လေ့လာသူတွေ အပန်းပြေကြည့်ရှု့နိုင်ဖို့ 21+ ဇတ်ကားလေးတင်ပေးလိုက်ပါတယ် download link ကတော့ မူရင်းတင်ထားတဲ့ goldchannelmovies.com ကတိုက်ရိုက်ပဲယူထားပါတယ်။ (၂၁နှစ်ပြည့်မှကြည့်ပါ)
The Revenant(2015) မြန်မာစာတန်းထိုး
အော်စကာဆု ရွှေကမ္ဘာလုံးဆု တွေ အပါအဝင် ရုပ်ရှင်လောက ရဲ့ ထိပ်သီးဆုတွေ အတွက် လျာထားခြင်းခံထားရတဲ့ ဇာတ်ကားပါ။ ဒီဇာတ်ကား ရဲ့ အဓိက မင်းသား လီယိုနာဒို ရဲ့ သရုပ်ဆောင် သက်တမ်းတစ်လျှောက် အမှတ်ရစရာအကောင်းဆုံး ဇာတ်ကားလည်း ဖြစ်လာနိုင်ပါတယ်။
Thursday, August 11, 2016
လူကုန်ကူးခံရတဲ့ မိသားစု နှစ်စုအား MAT အဖွဲ့ ကယ်တင်
ထိုင်းနိုင်ငံတောင်ပိုင်း
ဘန်ကောက်မြို့မှ ကီလိုမီတာ ၅၀၀ ကျော်အကွာတွင်ရှိသော ခြုံဖော်မြို့နယ်
လန်ဆွမ်ခရိုင် ပါတကိုကျေးရွာအပြင်ဘက် အုန်းသီးခြံတစ်ခုတည်းတွင်
သုံးလကျော်ကြာ ရောင်းစားခံနေရသည့်ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့မှ မသန္တာ ၂၆ နှစ်၊ စည်သူရ ၃၀ နှစ်၊ မဇင်မင်းသူ တစ်နှစ်ကိုသီတာပေါက် ၂၂ နှစ်နှင့်
သုံးလကျော်ကြာ ရောင်းစားခံနေရသည့်ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့မှ မသန္တာ ၂၆ နှစ်၊ စည်သူရ ၃၀ နှစ်၊ မဇင်မင်းသူ တစ်နှစ်ကိုသီတာပေါက် ၂၂ နှစ်နှင့်
ထိုင်းပန်းရောင်ကဒ်ကိုင် လုပ်သားတွေ နောက်လစပြီး အလုပ်ပြောင်းခွင့်ရမည်
11 August 2016
ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းအလုပ်သမားတွေအတွက် ထုတ်ပေးထားတဲ့ အလုပ်လုပ်ခွင့်ကဒ်ပြား ပန်းရောင်ကဒ် ကိုင်ဆောင်ထားတဲ့ အလုပ်သမားများအနေနဲ့ ၂၀၁၆ ခုနှစ် စက်တင်ဘာ ၁ ရက်နေ့က စတင်ပြီး အလုပ်ပြောင်းရွှေ့တာ၊ အလုပ်ရှင်ပြောင်းရွှေ့တာကို လုပ်နိုင်ပြီဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့မှာပဲ ထိုင်းအစိုးရဘက်က ထုတ်ပြန်လိုက်ပါတယ်။

တူးတာ ညောင်မြစ် ၊ ပေါ်တော့ ပုတ်သင်ဥ တစ်ခုခုလုပ်ပါ အလုပ်သမားဝန်ကြီးဌာန
10.8.2016
ဇူလိုင်လ နောက်ဆုံးအပတ် အတွင်း သွားရောက်ခဲ့သည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ထိုင်း နိုင်ငံ ခရီးစဉ်အပြီး တွင်ဖြစ်သည်။ တစ်ရက်တည်း တစ်မြို့နယ်တည်း ၂ နာရီသာခြားပြီး ပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲ နှစ်ခုက ထိုင်းရောက် မြန်မာရွှေ့ပြောင်း လုပ်သားများ အရေးကိစ္စနှင့် ပတ် သက်၍ မြန်မာပြည်တွင်း၌ အုန်းအုန်း ကျွက်ကျွက်ဖြစ်စေခဲ့သည်။
Location:
Myanmar (Burma)
ထိုင်းရောက်မြန်မာလုပ်သားများအတွက် ပတ်စ်ပို့နှင့် ယာယီသက်သေခံ လက်မှတ်ထုတ်ပေးရန် ထိုင်းနိုင်ငံတွင် စခန်းခြောက်ခုဖွင့်မည်
August 11, 2016
ထိုင်းနိုင်ငံတွင် ပန်း ရောင်ကတ်
ကိုင်ဆောင်ထား သော မြန်မာလုပ်သားများအား ပတ်စ်ပို့နှင့် မည်သူမည်ဝါဖြစ် ကြောင်း
သက်သေခံလက်မှတ် CI များကို ထိုင်းနိုင်ငံတစ်ဝန်းစခန်း ခြောက်ခုဖွင့်လှစ်၍
ထုတ်ပေးမည် ဖြစ်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး သံအမတ်ကြီး
ဦးဝင်းမောင်က ပြောသည်။
ပန်ဒါစက်ရုံ အလုပ်သမား ၃၀၀ ခန့် မန္တလေးမြို့သို့ ချီတက်ဆန္ဒပြမည်
August 11, 2016
စက်ရုံတွင်း မပြေလည် မှုများ
ဖြေရှင်းပေးရန် စက်ရုံရှေ့ တွင် ရက်ပေါင်း ၆၉ ရက်ကြာ ထိုင်သပိတ် ဆန္ဒဖော်ထုတ်ပြီး
နောက် သြဂုတ် ၁၂ ရက်တွင် မန္တ လေးမြို့သို့ အလုပ်သမား ၃၀၀ ခန့်ဖြင့်
ချီတက်ဆန္ဒပြမည်ဟု ပုလိပ် မြို့ ပန်ဒါစက်ရုံမှ ဆန္ဒပြအလုပ် သမားများက ဆိုသည်။
Monday, August 8, 2016
လယ်ယာသုံးစက်ကိရိယာထုတ်လုပ်ရေးစက်ရုံ ဝန်ထမ်းများ ဆန္ဒပြ
ဗိုလ်စိန်မှန်ကွင်းတွင် သြဂုတ် ၇ ရက်
နံနက်က လယ်ယာသုံးစက်ကိရိယာထုတ်လုပ်ရေးစက်ရုံ ဝန်ထမ်းများ ဆန္ဒဖော်ထုတ်နေစဉ်
(ဓာတ်ပုံ − ကျော်ဇင်သန်း)
နိုင်ငံပိုင် လယ်ယာသုံး
စက်ကိရိယာထုတ်လုပ်ရေးစက်ရုံ ကို ပုဂ္ဂလိကသို့ လွှဲပြောင်းပြီး နောက်
အကြောင်းမဲ့အလုပ်ထုတ် ခံရခြင်း၊ ဖိအားပေးခံရခြင်းများရှိ သည်ဆိုကာ ဝန်ထမ်းများက
ဆန္ဒ ထုတ်ဖော်မှု ပြုလုပ်ခဲ့ကြသည်။
ထိုင်းရောက် မြန်မာလုပ်သားများအား ကူညီနေသောအဖွဲ့နှစ်ဖွဲ့ကို ဖမ်းဆီးစစ်ဆေးရန် ထိုင်းအစိုးရက ညွှန်ကြား
ထိုင်းအလုပ်သမား ၀န်ကြီးဌာနမှ တာဝန်ရှိသူက MAT နှင့် AAC အဖွဲ့တို့က အချက်အလက် အမှားများ ဖြန့်ဝေသည့်အတွက် စုံစမ်းစစ်ဆေးမည့်အကြောင်း ပြောကြားနေစဉ် (ဓာတ်ပုံ - dailynews.co.th)
ထိုင်းနိုင်ငံရောက် မြန် မာလုပ်သားများအရေး ကူညီ ဆောင်ရွက်ပေးနေသော MAT (ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံ သားများအဖွဲ့)နှင့် AAC မဟာမိတ်အဖွဲ့တို့မှ တာဝန်ရှိသူများကို ဖမ်းဆီး၍ စစ်ဆေးမှုများပြုလုပ်ရန် ထိုင်းနိုင်ငံအလုပ်သမားဝန်ကြီးက ညွှန်ကြားထားကြောင်း သတင်းရရှိသည်။
ထိုင်းရောက် မြန်မာလုပ် သားအများစုရှိသော မဟာချိုင်အခြေစိုက်
Friday, August 5, 2016
Google ကို မြန်မာ domain .com.mm မှ မူရင်း .com သို့ပြောင်းဝင်မယ်
Domain Name (ဒိုမိန်း) ရွေးချယ်ခြင်း
ကျနော် ဤအကြောင်း ကို ရေးသားရခြင်းမှာ ယခုအခါ မြန်မာ ဝက်ဘ်ဆိုဒ် အတော်တော်များများ ပေါ်လာကြပြီး အချို့သော ဝက်ဘ်ဆိုဒ်များမှာ အလွန် အဆင့်မှီကောင်းမွန်သော ဝက်ဘ်ဆိုဒ်များ အဖြစ် ထွက်ပေါ်လာကြသော်လည်း Domain Name (ဒိုမိန်း) ရွေးချယ်မှု အပိုင်းတွင် အားနည်းသည်ကို တွေ့ရသဖြင့် Domain Name (ဒိုမိန်း) ရွေးချယ်ခြင်း အကြောင်း တင်ပြ လိုခြင်းကြောင့်ဖြစ်သည်။
Thursday, August 4, 2016
မြန်မာအပါအ၀င် ရွှေ့ပြောင်းလုပ်သားများကို ဖမ်းဆီးနေမှု ရပ်တန့်ပေးရန် ထိုင်းလုပ်ငန်းရှင် ၁၀၀ ကျော် ဆန္ဒပြတောင်းဆို
Friday, August 5, 2016
ထိုင်းနိုင်ငံတောင်ပိုင်း
ဖူးခက်မြို့တွင် လုပ်ကိုင်နေသော မြန်မာလုပ်သားများ အပါအ၀င် ရွှေ့ပြောင်းလုပ်သားများအားဖမ်း
ဆီးနေမှုကို ရပ်တန့်ပေးရန်ဖူးခက် မြို့ရှိ ထိုင်းဆောက်လုပ်ရေး လုပ်
ငန်းရှင်ဦးရေ တစ်ရာကျော်ကဆန္ဒပြတောင်းဆိုခဲ့ကြောင်း သတင်းရရှိသည်။
သြဂုတ် ၃ ရက်တွင် ဖူးခက် မြို့ရှိ
ထိုင်းဆောက်လုပ်ရေးလုပ် ငန်းရှင် တစ်ရာကျော်တို့သည်ဖူးခက်မြို့ဆနမ်ချိုင်းရင်ပြင်၌
စုဝေး ဆန္ဒပြတောင်းဆိုခဲ့ပြီးဖူးခက်ခရိုင် မြို့တော်ဝန်ထံသို့ တောင်းဆိုချက် များ
ပေးပို့ခဲ့ကြောင်း သတင်းရရှိသည်။
Wednesday, August 3, 2016
ခေါင်းဆောင်တွေ အလုပ်ပြန်ခန့်ဖို့ Next Star စက်ရုံလုပ်သားတွေ ဆန္ဒပြ
2016-08-03
ဆန္ဒပြနေတဲ့ ရန်ကုန်တိုင်းမြို့ လှိုင်သာယာစက်မှုဇုန် ၁ က Next Star အထည်ချုပ်စက်ရုံ အလုပ်သမားတွေကို သြဂုတ်လ ၃ ရက်နေ့ကတွေ့ရစဉ်
ဆန္ဒပြနေတဲ့ ရန်ကုန်တိုင်းမြို့ လှိုင်သာယာစက်မှုဇုန် ၁ က Next Star အထည်ချုပ်စက်ရုံ အလုပ်သမားတွေကို သြဂုတ်လ ၃ ရက်နေ့ကတွေ့ရစဉ်
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာစက်မှုဇုန် ၁ မှာရှိတဲ့ Next Star အထည်ချုပ်စက်ရုံမှာ တစ်ရက်လုပ်အားခ ကျပ် ၃၆၀၀ တိုးပေးဖို့ တောင်းဆိုမှုကြောင့် အလုပ်ထုတ်ခံရတဲ့ အလုပ်သမားခေါင်းဆောင် ၃ ဦးကို အလုပ်ပြန်ခန့်ပေးဖို့ အလုပ်သမား တစ်ရာနီးပါးက ဆန္ဒပြတောင်းဆိုနေပါတယ်။

Tuesday, August 2, 2016
MoU အလုပ်သမားများကိုယ်တိုင် ပြုလုပ်သော ဒုတိယအကြိမ် သတင်းစာရှင်းပွဲတွင် MAT အဖွဲ့ဒါရိုက်တာအားတရားစွဲ
MAT အဖွဲ့ဒါရိုက်တာ ဦးကျော်သောင်းအား
အေဂျင်စီများအဖွဲ့ချုပ် moeaf နှင့် Lover
world
အေဂျင်စီတို့မှအမူဖွင့်တိုင်ကြား
MoU.အလုပ်သမားများကိုယ်တိုင် ပြုလုပ်သော ဒုတိယအကြိမ် သတင်းစာရှင်းပွဲ
၂၀၁၆ သြဂုတ် ၂ရက်.
ဘန်ကောက်အခြေစိုက်
ထိုင်းနိုင်ငံရောက်မြန်မာ နိုင်ငံသားများ အဖွဲ့( MAT ) အဖွဲ့ ဒါရိုက်တာ
ဦးကျော်သောင်းအား ရန်ကုန်အခြေစိုက်
ပြည်ပအလုပ်ကိုင်ရှာဖွေရေး အေဂျင်စီများအဖွဲ့ချုပ် moeaf အတွင်းရေးမှူး ဦးကျော်ထင်ကျော်နှင့် လပ်ဗီးဝေါလ် အေဂျင်စီ ဒါရိုက်တာ ဒေါ်ချိုချိုစန်းတို့က အသရေဖျက်မူ ၊ ဂုဏ်သိက္ခာညှိုးနွမ်းစေမူတို့ဖြင့် အမူဖွင့်တိုင်ကြားထားကြောင်း ကြားသိရပါသည်။

ထိုင်းနိုင်ငံရှိ အလုပ်သမားများကို ကူညီပေးနေသောMAT ဒါရိုက်တာ ဦးကျော်သောင်းကို Lover world အေဂျင်စီက တရားစွဲဆိုမည်
ထိုင်းနိုင်ငံရှိ အလုပ်သမားများကို ကူညီပေးနေသော ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အဖွဲ့(MAT) ၏ ဒါရိုက်တာ ဦးကျော်သောင်းကို ပြည်ပ အလုပ်အကိုင် ရှာဖွေရေး Lover world အေဂျင်စီ က တရားစွဲဆိုမည် ဟု သိရသည်။
ဦးကျော်သောင်းသည် မေလ ၄ ရက်နေ့ သမ္မတရုံး၊ ပြည်တွင်း၊ ပြည်ပ လုပ်သားကော်မတီ၊ ဝန်ကြီးဌာန အပါ အဝင် စာပါ အချက်အလက်များ မှားယွင်းနေသည့် ကိစ္စနှင့် ကုမ္ပဏီကို အကြိမ်ကြိမ် အကျင့်ပျက် ဟူသည့် အသုံး အနှုန်းကြောင့် တရားစွဲဆိုရခြင်း ဖြစ်သည် ဟု Lover world အေဂျင်စီ မှ မန်နေဂျင်း ဒါရိုက်တာ ဒေါ်ချိုချိုစန်း က ဧရာဝတီသို့ ပြောသည်။
အလုပ်သမားရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာ စီမံခန့်ခွဲမှုသင်တန်း ပထမဆုံးအကြိမ်ဖွင့်
August 3, 2016
စီမံခန့်ခွဲမှုသင်တန်းပို့ချနေစဉ် (ဓာတ်ပုံ - ထက်အာကာကျော်)
အလုပ်သမားများ ရွှေ့ ပြောင်းသွားလာခြင်းဆိုင်ရာ မူဝါဒ
ဖွံ့ဖြိုးတိုးတက်ရေးနှင့် ၀န်ဆောင် မှုများ တိုးမြှင့်ပေးနိုင်ရေးအတွက်
အလုပ်သမား၊ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနနှင့်
အပြည်ပြည်ဆိုင်ရာ အ လုပ်သမားရေးရာအဖွဲ့ (ILO) တို့ ပူးပေါင်း၍
စီမံခန့်ခွဲမှုသင်တန်း ကို စတင်ဖွင့်လှစ်ကြောင်း သတင်းရရှိသည်။
သားလေးဖတ်ဖို့
-စာကိုမကျက်ပါနဲ့သား . စာကိုနားလည်အောင် ဖတ်ပါ
မှတ်ပါ
-လိုချင်တာတွေကို မဝယ်ပဲ ပိုက်ဆံကို ခြစ်ကုပ်စုပီး ကပ်စေးမနဲပါနဲ့သား . ဒါပေမဲ့ အသုံးနဲ့ အဖြုန်းကို ခွဲခြားတတ်ပါစေ
-ပတ်ဝန်းကျင်ရဲ့ ထင်မြင်ချက်တွေ အတင်းအဖျင်းတွေကို ဂရုမစိုက်ပါနဲ့သား . သားအကြောင်းကို သားကိုယ်တိုင်ထက်ပိုပီး ဘယ်သူမှ မသိနိုင်ပါ
-စာများများဖတ်ပါ သား .reader ကောင်းတစ်ယောက်ပာာ leader ကောင်းတစ်ယောက် ဖြစ်လာမှာပါ
ထိုင်းမှာ မြန်မာအလုပ် သမားတွေ ပြန်ပို့ခံနေရ
ထိုင်းနိုင်ငံကိုရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားအလုပ်သမားများကို တွေ့ရစဉ်
ထိုင်းနိုင်ငံမှာ အဖမ်းခံရတဲ့ မြန်မာအလုပ်သမား အရေအတွက် သောင်းဂဏန်းလောက်ရှိမယ်လို့ မြန်မာ အလုပ် သမားအရေး လှုပ်ရှားနေတဲ့အဖွဲ့တွေ က ပြောပါတယ်။
အဖမ်းခံရတဲ့ အလုပ်သမား ၉၀ ရာခိုင်နှုန်းလောက်ဟာ တရားဝင်နေထိုင်ခွင့်၊ တရားဝင်အလုပ်လုပ်ခွင့် လက်မှတ် ရှိနေသူတွေ ဖြစ်တယ်လို့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်း က ပြောပါတယ်။
Photo: Kyaw Zaw Win/ RFA

လုံခြုံရေးတိုးမြှင့်ထား၍ ထိုင်းရောက်မြန်မာများ အထူးသတိပြုရန် မြန်မာသံရုံးထုတ်ပြန်
ဘန်ကောက်မြို့တွင် ထိုင်းရဲတပ်ဖွဲ့ဝင်များ
လုံခြုံရေးယူထားစဉ်(NARONG SANGNAK/EPA)
ထိုင်းနိုင်ငံတွင်
ဖွဲ့စည်း ပုံအခြေခံဥပဒေကြမ်း လူထုဆန္ဒခံ ယူပွဲပြုလုပ်မည့်ရက်ပိုင်းအတွင်း
လုံခြုံရေးတိုးမြှင့်ထားမည်ဖြစ်၍ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံ သားများ
အထူးသတိပြုနေထိုင် သွားလာရန်နှင့် ခရီးသွားရန်ရှိပါ က စာရွက်စာတမ်းအထောက်အ
ထားအပြည့်အစုံယူသွားပြီး ပြဿနာတစ်စုံတစ်ရာဖြစ်ပွားပါက ဖုန်း ဆက်၍
အကူအညီတောင်းခံနိုင် ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးကသြဂုတ်လ ၂ရက်နေ့တွင်
သတင်းထုတ်ပြန်သည်။‘သြဂုတ် ၇ ရက်တွင် ထိုင်း နိုင်ငံ၌ ဖွဲ့စည်းပုံအခြေခံဥပဒေ ကြမ်းလူထုဆန္ဒခံယူပွဲပြုလုပ်မည် ဖြစ်၍ ထိုင်းနိုင်ငံသို့ အကြောင်း အမျိုးမျိုးကြောင့် ရောက်ရှိနေ သော မြန်မာနိုင်ငံသားများနှင့် အလုပ်လုပ်ကိုင်လျက်ရှိသည့် မြန်မာလုပ်သားများအား ထိုင်း ရဲတပ်ဖွဲ့ဝင်များက စစ်ဆေးပါက အသာတကြည်စစ်ဆေးမှုခံယူကြ ရန် တိုက်တွန်းနှိုးဆော်အပ်သည်’ ဟု ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး က သြဂုတ် ၁ ရက်စွဲဖြင့် သတင်း ထုတ်ပြန်သည်။
Monday, August 1, 2016
ယနေ့ထွက် ထိုင်းထီ ဘတ်ငွေ ၆ သန်းဆုအား မြန်မာအလုပ်သမ တစ်ဦး ဆွတ်ခူး
ထိုင်းနိုင်ငံ ဗန်ကောက်မြို့ ဘန်ခွန်ထီယန်နယ်မြေ ထီယန်ထလေလမ်းမှာ နေထိုင်တဲ့ မြန်မာအမျိုးသမီးတစ်ဦး မအိလေး အသက် ၂၆နှစ်ဆိုသူ ဒီနေ့သြဂုတ်လ ၁ရက်နေ့ 272932ထွက် ထိုင်းအောင်ဘာလေသိန်းထီပထမဆု၂စောင်တွဲတစ်စုံပေါက်လို့ ဘတ်ငွေ ၆သန်းရှိခဲ့ပါတယ်၊ ထီပေါက်ကြောင်း သက်ဆိုင်ရာရဲစခန်းသို့သွားရောက် မှတ်တမ်းတင် အကြောင်းကြား ထားပါတယ်။
thithtoolwin (website)
အနည်းဆုံး တစ်ရက်လုပ်ခ ထပ်မံတိုးမြှင့်သွားနိုင်ဖို့ စီစဉ်
![]() |
ရန်ကုန်တိုင်းဒေသကြီး စက်မှုဇုန်တစ်ခုက အလုပ်သမားတချို့ကို တွေ့ရစဉ်။ Photo: RFA |
ကုန်ဈေးနှုန်းကြီးတာကြောင့် တစ်ရက်လုပ်ခ ကျပ် ၃၆၀၀ ဟာ မလောက်ငှသလို အိမ်နီးချင်းနိုင်ငံတွေနဲ့ ယှဉ်ရင်နည်းနေတာကြောင့် တိုးမြှင့်ပေးဖို့ စီစဉ်နေတာဖြစ်တယ်လို့ ပြည်တွင်းပြည်ပ အလုပ်သမားရေးရာကော်မတီ ဥက္ကဌ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ထွေး က ပြောပါတယ်။
ထိုင်းနိုင်ငံရှိ ပန်းရောင်ကတ် ကိုင်ဆောင်ထားသော မြန်မာရွှေ့ပြောင်း လုပ်သားများ သြဂုတ်လ ၁ရက်နေ့မှ စ၍ ဗီဇာလျှောက်ထားနိုင်
ထိုင်းနိုင်ငံရှိ
မြန်မာရွှေ့ပြောင်းလုပ်သားများသည် လာမည့် သြဂုတ်လ ၁ ရက်နေ့မှ စတင်ကာ ပန်းရောင်ကတ်ကိုင်ဆောင်ထားသော
မြန်မာလုပ်သားများ ဗီဇာ လျှောက်နိုင်ပြီဖြစ်ကြောင်း ထိုင်းနိုင်ငံရှိ မြန်မာ ရွှေ့ပြောင်းအလုပ်သမားများထံမှ
သိရသည်။
ဗီဇာလျှောက်ထားရာတွင် မြန်မာနိုင်ငံမှပြုလုပ်လာသော သာမန်နိုင်ငံကူးလက်မှတ်အသစ်နှင့် ဘန်ကောက်သံရုံးမှပြုလုပ်ပေးသော သာမန်နိုင်ငံကူးလက်မှတ်အသစ် နောင်တွင်ပြုလုပ်ပေးမည်
C of I စာအုပ်များနှင်လျှောက်ထားနိုင်ပြီး ရရှိမည့် ဗီဇာသက်တမ်းမှာ ပန်းရောင်းကတ်သက်တမ်းအတိုင်းဖြစ်ကြောင်း သိရသည်။
မဲဆောက်က မြန်မာတွေ ဖမ်းဆီးခံနေရ
ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်ကြသည့် မြန်မာရွှေ့ပြောင်း
အလုပ်သမားတချို့ကို မဲဆောက်-မြ၀တီနယ်စပ်တွင် တွေ့ရစဉ်။
|
ထိုင်းနိုင်ငံ မဲဆောက်မြို့က ဈေးတွေမှာ မြန်မာနိုင်ငံသားတွေကို
ဈေးရောင်းချခွင့်မပြုပဲ ထိုင်းအစိုးရက လိုက်လံဖမ်းဆီးနေတယ်လို့ မဲဆောက်မှာ အလုပ်လုပ်ကိုင်နေတဲ့
မြန်မာနိုင်ငံသားတွေက ပြောပါတယ်။
မြန်မာနိုင်ငံသားတွေ ကိုယ်ပိုင်ဈေးဆိုင်တွေနဲ့ ဈေးရောင်းခွင့်မရှိဘူးလို့ပြောပြီး နေ့စဉ် ဖမ်းဆီး နေတာဖြစ်တယ်လို့ မဲဆောက်မှာ အငှားယာဉ်မောင်း လုပ်ကိုင်နေတဲ့ ကိုအချိုင်းက ပြောပါတယ်။
မြန်မာနိုင်ငံသားတွေ ကိုယ်ပိုင်ဈေးဆိုင်တွေနဲ့ ဈေးရောင်းခွင့်မရှိဘူးလို့ပြောပြီး နေ့စဉ် ဖမ်းဆီး နေတာဖြစ်တယ်လို့ မဲဆောက်မှာ အငှားယာဉ်မောင်း လုပ်ကိုင်နေတဲ့ ကိုအချိုင်းက ပြောပါတယ်။
ရနောင်းလူသတ်မှုတွင် စွပ်စွဲခံထားရသည့် မြန်မာနိုင်ငံသား ၄ ဦး၏ DNA လုံးဝမတူ
ထိုင်း-မြန်မာ နယ်စပ်မြို့ ရနောင်းမြို့တွင်ဖြစ်ပွားခဲ့သော
လူသတ်မှုတွင် ကျူးလွန်သည်ဟု စွပ်စွဲခံထားရသည့် မြန်မာနိုင်ငံသား ၄ ဦး၏ မျိုးရိုးဗီဇ
DNA နှင့် သေဆုံးသူ မအဲပဲလ်ကို သတ်ဖြတ်ရာတွင် အသုံးပြုခဲ့သော တုတ်၊ ဓားများတွင် ရှိနေသည့်
မျိုးရိုးဗီဇ DNA တို့မှ လုံးဝ (လုံးဝ) တူညီခြင်းမရှိကြောင်း ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး
ဖောင်ဒေးရှင်း (FED) မှ ထုတ်ပြန်သည်။
အဆိုပါအမှုကို လိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေများ၏ ပြောပြချက်နှင့် ၄င်းတို့ တွက်ချက်ပြမှုများအရ မိမိတို့ မြန်မာရွှေ့ပြောင်းအလုပ်သမားများသည် အပြစ်ကျူးလွန်သူများ မဟုတ်ကြောင်းနှင့် ၂၀၁၅ ခုနှစ်က ကမ္ဘာကျော် လိပ်ကျွန်းလူသတ်မှုတွင် ပါဝင်သည်ဟု စွပ်စွဲချက်ဖြင့် သေဒဏ်ကျခံနေရသည့် မောင်ဇော်လင်းနှင့် မောင်ဝေဖြိုးတို့၏အမှုထက် များစွာလွယ်ကူမည်ဟု သုံးသပ်ကြောင်း သိရသည်။
ရနောင်းလူသတ်မှု့တွင် အပြစ်ရှိသည်ဟု မတရားစွပ်စွဲခံထားရသော မြန်မာရွှေ့ပြောင်းအလုပ်သမား ၄ ဦး လွတ်မြောက်ရန်အတွက် လက်ရှိ မြန်မာနိုင်ငံအစိုးရ၊ သက်ဆိုင်ရာအဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများမှ နည်းလမ်းပေါင်းစုံဖြင့် အမိန့်မချမှီ အမှုရင်ဆိုင်နေချိန်ကတည်းက အားကြိုးမာန်တက်နှင့် စနစ်တကျ စုစုစည်းစည်း ၀ိုင်းဝန်းကူညီဖြေရှင်းကာ ကြိုးစားပေးသင့်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မိမိတို့ ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED) အနေဖြင့်လည်း လူ့အခွင့်အရေးများ ဆုံးရှုံးခြင်း၊ လူကုန်ကူးခံရခြင်း၊ မတရားအနိုင်ကျင့်ခံရခြင်း၊ လုပ်အားခမရရှိခြင်းတို့နှင့် မတရားစွတ်စွဲမှုများခံနေရသော မြန်မာနိုင်ငံအတွင်းမှ မည်သည့်ဘာသာ၊ လူမျိုး၊ တိုင်းရင်းသားများမဆို ကိုယ်စွမ်း ဥာဏ်စွမ်းရှိသလောက် တတ်နိုင်သည့်ဘက်မှ ကူညီဆောင်ရွက်ပေးမည်ဖြစ်ပြီး မြန်မာရွှေ့ပြောင်း အလုပ်သမားများအရေးကို စိတ်ဝင်စားသည့် မည်သည့်အဖွဲ့အစည်း လူပုဂ္ဂိုလ်များနှင့်မဆို ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာသည်။
ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့တွင် ရနောင်းခရိုင်၊ စွိုင်လုံကျင်း ရပ်ကွက်တွင် နေထိုင်သော မိခင် (မြန်မာ) နှင့် ဖခင် (ထိုင်း) လူမျိုးတို့၏ သမီးထိုင်း-မြန်မာ ကပြားမလေး အက်ပဲလ်(ခ) အိပုတ် အသက်(၁၆)နှစ်အရွယ် ထိုင်းအထက်တန်းကျောင်းသူလေး အသတ်ခံခဲ့ရသည့် အမှုကို ရနောင်းခရိုင် ရဲတပ်ဖွဲ့မှ အမှုဖြစ်ပွားခဲ့သည့်ပတ်ဝန်းကျင်ရှိ ထိုင်းနှင့် မြန်မာရွှေ့ပြောင်း အလုပ်သမားများကြား တစ်လခန့် စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့သော်လည်း ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးနိုင်ခြင်းမရှိဘဲ ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၂၀ ရက်တွင် ထိုင်းရဲတပ်ဖွဲ့များ၏ လုပ်ရိုးလုပ်နည်းအတိုင်း ဘာသာစကားမတတ်သည့် မြန်မာရွှေ့ပြောင်း အလုပ်သမား ၄ ဦးကို ဖမ်းဆီးအရေးယူခဲ့ကြောင်း သိရသည်။
ဝသန်
The Ladies News

အလုပ်သမားခုံသမာဓိကောင်စီနှင့် အလုပ်သမား ကိုယ်စားလှယ် ရွေးချယ်မှု ပြန်လည်သုံးသပ်မည်
အလုပ်သမားကိုယ်စားလှယ်များ
ရွေးချယ်မှုနှင့်ပတ်သက်၍ ဆွေးနွေးနေကြစဉ် (ဓာတ်ပုံ - မိုးမင်း)
အလုပ်သမားအငြင်း ပွားမှုကို
ဖြေရှင်းဆောင်ရွက်ရ မည့် ခုံသမာဓိကောင်စီ၊ အလုပ် သမားကိုယ်စားလှယ်ရွေးချယ်မှု ကို
ပြန်လည်သုံးသပ်သွားမည်ဖြစ် ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာနှင့်အလုပ်သမားဝန်ကြီး
ဦးဇော်အေးမောင် ကပြောသည်။
ခုံသမာဓိကောင်စီ၊ အလုပ်
သမားကိုယ်စားလှယ်ရွေးချယ်မှု ကို ဇူလိုင် ၁၂ရက်တွင် ပြုလုပ်ခဲ့ ရာ
အလုပ်သမားအဖွဲ့ချုပ်တစ်ခု တည်းမှ တင်သွင်းသည့်ကိုယ်စား လှယ်များသာရွေးချယ်ခံရသည့်
အပေါ် အငြင်းပွားမှုနှင့် ကန့်ကွက် မှုများရှိခဲ့၍ ပြန်လည်သုံးသပ်သွားမည်ဟု
၎င်းကပြောသည်။
‘‘ကန့်ကွက်တဲ့အသံတွေ ထွက်တာနဲ့
ပတ်သက်လို့ ကန့် ကွက်ရတဲ့အကြောင်းအရင်းဖြစ် တဲ့အလုပ်သမားတွေ အသံနား ထောင်တယ်။
ဒီရွေးချယ်ပွဲမှာဘာ တွေလိုအပ်ချက်ရှိခဲ့လဲ၊ ဘာတွေ ပြင်ဆင်ဖို့လိုလဲပေါ့။ အလုပ်သ
မားတွေ တင်ပြတဲ့တင်ပြချက်ကို ပြည်ထောင်စုဝန်ကြီးကို တင်ပြ မယ်။
အခုရွေးကောက်ပွဲရလဒ် ဘယ်လိုသတ်မှတ်မလဲဆိုတာဝန် ကြီးက ဆုံးဖြတ်ပါလိမ့်မယ်’’ဟု
ဦးဇော်အေးမောင်က ဇူလိုင် ၃၁ရက်တွင် ဒဂုံမြို့သစ်မြောက်ပိုင်းပင်လုံခန်းမ၌
ပြုလုပ်သောအဆိုပါရွေးချယ်ပွဲနှင့်ပတ်သက်၍ ၀န်ကြီးဌာနတာဝန်ရှိသူများနှင့်ကန့်ကွက်သူများ
တွေ့ဆုံဆွေးနွေးပွဲတွင်ပြောသည်။
ခုံသမာဓိကောင်စီ၊အလုပ်
သမားကိုယ်စားလှယ်ရွေးချယ်ပွဲ ပြုလုပ်ရာတွင် အလုပ်သမားအဖွဲ့ အစည်းဝင်များထံ
ဖိတ်စာများမ ရောက်ရှိခြင်းကြောင့် ရွေးချယ်ပွဲ ပြုလုပ်ကြောင်း မသိလိုက်ရသ ဖြင့်
အလုပ်သမားကိုယ်စားလှယ် ရွေးချယ်မှုသည် ပွင့်လင်းမြင်သာ မှုမရှိဟုဆိုကာ
အဆိုပါတွေ့ဆုံပွဲ ၌ တက်ရောက်ခဲ့ကြသည့်အ လုပ်သမားခေါင်းဆောင်အချို့က
ဝေဖန်ထောက်ပြခဲ့ကြသည်။
အလုပ်သမား ကိုယ်စား လှယ်အဖြစ်
ခုံသမာဓိကောင်စီအ တွက် ရွေးချယ်ခံရသူငါးဦးမှာ မြန်
မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(CTUM)မှ အဖွဲ့ဝင်များဖြစ်နေခြင်းကြောင့်
အခြားအလုပ်သမား အဖွဲ့အစည်းများအပေါ် လက်ဝါးကြီးအုပ်မှုဖြစ်သည်ဟုလည်း ၎င်းတို့က
စွပ်စွဲကြသည်။
‘‘ဒီအလုပ်သမားကိုယ်စား
လှယ်ရွေးချယ်မှုက အလုပ်သမား အားလုံးကို ကိုယ်စားပြုတဲ့ရွေး
ချယ်မှုပဲဖြစ်သင့်တယ်’’ဟု လှိုင် သာယာမြို့နယ်အလုပ်သမားအ ငြင်းပွားမှုညှိနှိုင်းဖျန်ဖြေရေးအဖွဲ့
မှ ကိုယ်စားလှယ် မ၀င်းသိင်္ဂီစိုးကပြောသည်။
အဆိုပါ အလုပ်သမားအ
ငြင်းပွားမှုဖြစ်စဉ်များကိုဖြေရှင်း ဆောင်ရွက်ရမည့် ခုံသမာဓိ ကောင်စီတွင် အစိုးရ၊
အလုပ်ရှင်၊ အလုပ်သမားကိုယ်စားလှယ်ငါး ဦးစီဖြင့် ဖွဲ့စည်းခြင်းဖြစ်သည်။
ပထမဆုံးခုံသမာဓိကောင်စီ ရွေးချယ်ပွဲကို
၂၀၁၂တွင် လည်းကောင်း၊ ဒုတိယရွေးချယ်ပွဲကို ၂၀၁၄တွင်လည်းကောင်းပြုလုပ်ခဲ့ပြီး
ယခုတတိယအကြိမ်မြောက်ရွေးချယ်မှုပြုလုပ်ခြင်းဖြစ်သည်။
ယင်းအဖွဲ့၏ သက်တမ်းမှာ ၂နှစ်ဖြစ်ပြီး
ဒုတိယအကြိမ်ရွေးချယ်ခံရသူများသည် အောက်တိုဘာလတွင် သက်တမ်းပြည့်မည်ဖြစ်ကြောင်း
သတင်းရရှိသည်။
ယင်းအဖွဲ့အတွက် အလုပ်
ရှင်ကိုယ်စားလှယ်ရွေးချယ်မှုတွင် တစ်စုံတစ်ရာအငြင်းပွားမှုမရှိခဲ့ဘဲ
အလုပ်သမားကိုယ်စားလှယ်ရွေးချယ်ရာ၌ ထိုသို့မကျေလည်မှုများဖြစ်လာခဲ့ရကြောင်း
အလုပ်သမားညွှန်ကြားရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ဦးမျိုးအောင်က ပြောသည်။
‘‘အခုလိုဖြစ်ရတဲ့အကြောင်း ရင်းမှာ
ဝန်ကြီးဌာနရဲ့အားနည်း ချက်ကြောင့်လည်းပါတယ်။ အခု ပြည်တွင်းအလုပ်သမားဥပဒေ
ရေးရာကိစ္စတွေက အားကောင်း အောင်အစပြုတဲ့အဆင့်ပဲရှိသေး တယ်။ လိုအပ်ချက်တွေရှိနေတဲ့
ကြားက ဌာနအနေနဲ့ကလည်း ဘယ်ဘက်မှ ထိခိုက်နစ်နာမှုမရှိ အောင် ထိန်းညှိဆောင်ရွက်နေရ
တာကိုလည်း နားလည်ပေးစေချင် တယ်’’ဟု ၎င်းကပြောသည်။
ယခုဖြစ်ပေါ်ရသော အ ကြောင်းရင်းများတွင်
ရွေးကောက် ပွဲပြုလုပ်ရန်ကြိုတင်စီမံချက်ရေး ဆွဲလုပ်ဆောင်မှုအားနည်းချက်
များရှိခဲ့၍ နောင်ပြုလုပ်သည့်အကြိမ်များတွင် ပိုမိုစနစ်တကျဖြစ်စေရန်
ပြင်ဆင်ဆောင်ရွက်သွားမည်ဟု ဦးမျိုးအောင်က ဆက်လက်ပြောကြားသည်။
အဆိုပါခုံသမာဓိကောင်စီ အတွက်
အလုပ်သမားကိုယ်စား လှယ်ရွေးချယ်မှုအပေါ်လက်မခံ သည့်အလုပ်သမားအဖွဲ့အစည်း အချို့က
ယင်းနေ့မွန်းလွဲပိုင်း၌ ရန်ကုန်မြို့တော်ခန်းမရှေ့တွင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
Subscribe to:
Posts (Atom)